Tuesday, October 27, 2009

အက္ခရာများနဲ့ ခဏတာ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 8:19 PM 3 comments
ညီမလေး ရွှန်းမီ tag ထားတာပါ
သတိတရ tag တာ ကျေးဇူးပါ ညီမလေး

1. What is your name : လွတ်ငြိမ်းလေပြေ
2. A four Letter Word : လွတ်လွတ်လပ်လပ် ၊ လေလေလွင့်လွင့် ၊ လိမ့်လိမ့်လူးလူး ၊ လတ်လျားလတ်လျား
3. A boy's Name : လင်းမြတ်
4. A girl's Name : လွတ်လပ်ငြိမ်းအေး (ငယ်ငယ်တုန်းက ဆုံဖူးတဲ့ သူငယ်ချင်းလေး)

5. An occupation : လယ်သမား
6. A color : လိမ္မော်ရောင်
7. Something you'll wear : လက်စွပ်
8. A food : လမုန့်

9. Something found in the bathroom : လက်ဆေးဆပ်ပြာ
10. A place : လသာဆောင် ၊ လေသာဆောင်
11. A reason for being late : လမ်းမှားနေလို့
12. Something you'd shout : လဲသေလိုက် (း) ဖတ်ရတာ ရိုင်းရင် ခွင့်လွှတ်ကြပါ )

13. A movie title : လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ (ရဲအောင် ၊ မို့မို့မြင့်အောင် ၊ စိုးမြတ်သူဇာ)
14. Something you drink : လိမ္မော်ရည်
15. A musical group : လေးဇီးကလပ်
16. An animal : လိပ်

17. A street name : လသာလမ်း
18. A type of car : လော်ရီကား
19. The title of a song : လွမ်းသူ့အိပ်မက် (ထူးအိမ်သင်)
20. A verb : လွှတ်သည် (ဥပမာ... ငါးလွှတ်သည်)

Monday, October 5, 2009

လမ်းခွဲ ၊ မျက်ရည် ၊ အလွမ်း

Posted by လွတ်ငြိမ်းလေပြေ (breeze) at 2:43 PM 2 comments

လမ်းခွဲ ၊ မျက်ရည် ၊ အလွမ်း

အတူလျှောက်ခဲ့တဲ့လမ်း
လမ်းခွဲအရောက်
တစ်ယောက် တစ်နေရာ
ခွဲ
ထွက်
ခွာ

လမ်းတစ်ချက်လျှောက်
မျက်ရည်စက် တစ်ပေါက်
သီ
ဝေ
ကြွေ

မျက်ရည်ချောင်း
မျက်ရည်အိုင်
မျက်ရည်လွင်ပြင်
မျက်ရည်ပင်လယ်
ပြန်မဆုံမချင်း မျောဦးမယ် ။

photo source : http://www2.tau.ac.il/InternetFiles/news/UserFiles/image/%D7%A6%D7%97/6a00e398e05cc4000500fae8e2a358000b-500pi.jpg
 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review