Saturday, February 21, 2009

တူတူသွားမယ်

Posted by လွတ်ငြိမ်းလေပြေ (breeze) at 10:25 PM 4 comments

Friday, February 13, 2009

ပန်းပုရုပ်လေး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 12:29 PM 3 comments

ပန်းပုရုပ်လေး
----------
ကိုယ့်ရင်ထဲမှာ
မင်းထုဆစ်တဲ့
ပန်းပုရုပ်လေး ရှိနေတယ်

မင်းပေးခဲ့တဲ့ အချစ်တွေ
သူ့ကို အသက်ဝင်စေခဲ့

မင်းပေးခဲ့တဲ့ ကြင်နာခြင်း
ပျော်ရွှင်ခြင်းကို ဖန်ဆင်းခဲ့

မင်းပေးခဲ့တဲ့ အလွမ်းတွေ
သူ လေးနက်တတ်ခဲ့

မင်းပေးခဲ့တဲ့ ဒဏ်ရာတွေ
မျက်ရည်စိုစေခဲ့

အချိန်တွေကြာလာတဲ့အခါ
မင်းပေးတဲ့ ဒဏ်ရာတွေ
လှပတဲ့ အမာရွတ်လေး ဖြစ်ခဲ့တယ်။

photo source : http://images.suite101.com/520893_com_an00497132_001.jpg

Saturday, February 7, 2009

မိုး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 1:57 PM 3 comments

မိုး
---

ကိုယ်သွားတဲ့ နေရာတွေ
လိုက်လို့ရွာပေမယ့်
မင်းကို ချစ်ပါတယ်

မင်းကြောင့်သာ
အေးမြခြင်း ဆိုတာ
သိခဲ့ရတာ

သစ်ပင်လေးတွေမှာ
စိမ်းလန်းခြင်း ဆိုတာ
ရှိခဲ့ကြတာ

လန်းဆန်းခြင်း
သန့်စင်ခြင်း
ရှင်သန်ခြင်း..တို့
ဖူးပွင့်ခဲ့တာ

မျှော်သူတွေ မျှော်နေကြတယ်
ကိုယ်သွားတဲ့ နေရာတွေ
လိုက်လို့ရွာပေမယ့်
ကျေးဇူးပါ မိုးရယ်။

photo source : http://gallery.photo.net/photo/6432934-lg.jpg


မနေ့က မိုးရွာတယ်
မိုးတောထဲကို တိုးသွားရင်းနဲ့ ရလာတာလေးပေါ့
း)
 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review