Thursday, November 25, 2010

လွမ်းနေဆဲ မိန်းကလေး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 11:19 PM 2 comments


လွမ်းနေဆဲ မိန်းကလေး
----------------------

အလွမ်းရာသီ
.........လွမ်းတာရှည်
ဘယ်ဆီမျှော်ဆ လွမ်းပါရ
မယ်သည် သောက ဝေဆဲပ

အလွမ်းရာသီ
.........လွမ်းပါသည်
ဝေရီမိုးည ပျယ်တော့မလား


*************************************************

ကဗျာ မရေးနိုင်တော့ဘူး ထင်နေတာ ၊ မမျှော်လင့်ဘဲ အစလေး တစ်ကြောင်း နှစ်ကြောင်း ခေါင်းထဲရောက်လာတာနဲ့း)

ပုံကို http://www.slowtrav.com ကနေ ယူထားပါတယ်

Tuesday, March 2, 2010

မင်းနဲ့တူတူ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 9:42 PM 5 comments
မင်းနဲ့တူတူ
------------
မင်းနဲ့တူတူ
လုပ်ချင်တဲ့ ကိစ္စတွေ ရှိတယ်
ညစာအတူစားတာမျိုး...
ကမ်းခြေအတူသွားတာမျိုး...

မင်းနဲ့တူတူ
မျှယူချင်တဲ့ အရာတွေ ရှိတယ်
ပျော်ရွှင်ခြင်း ၊ မျှော်လင့်ခြင်း
အင်း... ဝမ်းနည်းခြင်း ရောပဲပေါ့


မနက်ခင်းမှာ အတူနိုးထချင်တယ်
အတူ လက်တွဲထားမယ်
အတူ အိုမင်းချင်တယ်
သေမင်းက ငါတို့ဝိဥာဉ်ကို နှုတ်မယူခင် အထိပေါ့ ။

လွတ်ငြိမ်းလေပြေ

Tuesday, February 2, 2010

Posted by လွတ်ငြိမ်းလေပြေ (breeze) at 12:21 PM 4 comments


photo source : ပုံထဲက web site address က အရမ်းသေးနေတော့ ဖတ်လို့မရဘူး၊
www.akholbrook.com လို့ထင်ပါတယ်
 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review