Friday, January 15, 2010

အချစ်သည်လေပြည်


သီချင်းနားထောင်ချင်ရင်

ခန်းဆီးလေးတွေ တဖျတ်ဖျတ်လှုပ်ခါသွား၊
သစ်ရွက်ကလေးတွေ မြေပြင်ပေါ်ခ
ပင်ရှည်မြက်တွေ ယိမ်းက
သူလာရာလမ်း သူ့ခြေရာများ...

ကြားတတ်မှလေ ပြောတဲ့သူ့ရဲ့စကား
ကြည့်တတ်မှလေ မြင်မဲ့အရိပ်များ
ခံစားတတ်မှသာ သိမဲ့အရာ
လေပြည်ရယ် မင်းတိတ်ဆိတ်နိုင်အား...

မထင်မှတ်ဘဲ ရောက်လာတယ်
မသိခင်မှာ ပြန်သွားခဲ့တယ်
မှုန်ရီလို့သွားမှပဲ
သူ့ရဲ့ခြေရာ ကိုယ်ရိပ်စားမိ
အဖြေတွေ ရှာကြည့်ခဲ့တယ်
လေပြည်ရယ် မင်း သိပ်တတ်နိုင်တယ် ....

နှလုံးသားလေးဟာ မင်းကြောင့်လွမ်းနေလား
ကွက်လပ်တစ်ခုလို ဟာကျန်လို့သွား
လေပြည် ကိုယ့်ကို အတွေ့အထိမှာ
ဟန်မဆောင်နိုင်သူ ကိုယ့်အပြစ်တွေအား...

မထင်မှတ်ပဲရောက်လာတယ်
မသိခင်မှာ ပြန်သွားခဲ့တယ်
မှုန်ရီလို့သွားမှပဲ
သူ့ရဲ့ခြေရာ ကိုယ် ရိပ်စားမိ
အဖြေတွေ ရှာကြည့်ခဲ့တယ်
လေပြည်ရယ် မင်း သိပ်တတ်နိုင်တယ် ....

သူ့ရဲ့ခြေရာ ကိုယ် ရိပ်စားမိ
အဖြေတွေ ရှာကြည့်ခဲ့တယ်
လေပြည်ရယ် မင်း သိပ်တတ်နိုင်တယ် ....
****************************************************************************

အဲဒီသီချင်းကို ဘာကြောင့်မှန်းမသိ စိတ်ထဲရောက်နေမိတယ်
ဒီနေ့ သီချင်းစာသားကို ဒီမှာ တွေ့တော့ ပုံဆွဲချင်စိတ် ဖြစ်လာတယ်
ဒီပုံကို photoshop နဲ့ ကြိုးစားပြီး ဆွဲထားတာပါ
အဓိက ကိုယ်ဆွဲထားတဲ့ပုံလေးကို ခံစားစေချင်လို့ပါး)
စာသားအတွက် အဲလာ ကို ကျေးဇူးတင်ပါတယ်း)

1 comments:

Moe Myint Tane said...

အချစ်သည် လေပြည်တဲ့..

ငါ့ညီမတော့ မရိုးတော့ဘူး..:)



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

 
footer