Tuesday, March 2, 2010

မင်းနဲ့တူတူ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 9:42 PM
မင်းနဲ့တူတူ
------------
မင်းနဲ့တူတူ
လုပ်ချင်တဲ့ ကိစ္စတွေ ရှိတယ်
ညစာအတူစားတာမျိုး...
ကမ်းခြေအတူသွားတာမျိုး...

မင်းနဲ့တူတူ
မျှယူချင်တဲ့ အရာတွေ ရှိတယ်
ပျော်ရွှင်ခြင်း ၊ မျှော်လင့်ခြင်း
အင်း... ဝမ်းနည်းခြင်း ရောပဲပေါ့


မနက်ခင်းမှာ အတူနိုးထချင်တယ်
အတူ လက်တွဲထားမယ်
အတူ အိုမင်းချင်တယ်
သေမင်းက ငါတို့ဝိဥာဉ်ကို နှုတ်မယူခင် အထိပေါ့ ။

လွတ်ငြိမ်းလေပြေ

5 comments:

လင်းဒီပ said...

အော်..ဘလောဂ်ရှိသေးတယ်ဆိုတာ သတိရသေးတာကိုး :P

ShwunMi- said...

တူတူပျော်ရွှင်ကြပါစေ =)

Moe Myint Tane said...

ဆုတောင်းပြည့်ပါစေ ညီမရေ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ရွှေပြည်သူ (ShwePyiThu) said...

ရဲရင့်ဖြူစင်တဲ့ အချစ်တွေ ကဗျာထဲမှာ တွေ့လိုက်ရတယ်...

(အလုပ်များပြီး မရောက်တာ ကြာသွားတယ် ညီမလေး လေပြေရေ...)

PAUK said...

အင်းး...
အလကားနေရင်း မျက်ရည်ဝဲနေတယ်..။



ပုံ /
အလကားလူ

 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review