Sunday, June 6, 2010

:)

ကြိုးစားမှ ရမယ်
=========
အဆောင်နေ ကျောင်းသားတစ်ယောက် ပိုက်ဆံလိုသဖြင့် အိမ်ကို စာရေးပြီး လှမ်းမှာသည်။
ထို့ကြောင့် မိခင်ဖြစ်သူက ပြန်စာ ၊ ချက်လက်မှတ် နှင့် သူမေ့ကျန်ခဲ့သည့် ကျောင်းသုံးဖတ်စာအုပ် တစ်အုပ် ပို့လိုက်လေသည်။

ဖခင် ။ ။ အမေကြီးရေ မင်းသားဆီ ပိုက်ဆံဘယ်လောက် ပို့လိုက်လဲ
မိခင် ။ ။ ဒေါ်လာ ၂၀ တန် ချက်လက်မှတ်နဲ့ ဒေါ်လာ ၁၀၀၀ တန် ချက်လက်မှတ်ပါ
ဖခင် ။ ။ ဘာ ... ဒေါ်လာ ၁၀၀၀ တောင် ၊ ဟုတ်လား
မိခင် ။ ။ စိတ်မပူပါနဲ့ရှင် ၊ ၂၀ တန် ချက်လက်မှတ်က ကျောင်းသုံးစာအုပ် အဖုံးပေါ်မှာ တိပ်နဲ့ ကပ်ပေးလိုက်တယ်
ဒါပေမယ့် ၁၀၀၀ တန် ချက်လက်မှတ်ကိုတော့ အဲဒီစာအုပ်ရဲ့ အခန်း ၁၉ စာမျက်နှာမှာ ကပ်ပေးလိုက်တယ်လေ

*****************************************************************************

???
======
စိတ်ပညာ စာမေးပွဲတစ်ခုတွင် .....
ဆရာက စားပွဲပေါ်တွင် ခုံတစ်လုံးကို တင်ကာ မေးခွန်းကို ပြောသည် ။
"ကဲ အခု စားပွဲပေါ်မှာ တင်ထားတဲ့ ခုံ မရှိကြောင်း သက်သေပြပါ"
ထို့နောက် စာမေးပွဲခန်းထဲမှာ ဘောပင်တွေ ပျံတက်ကြတော့မတတ် ကျောင်းသားတွေ ကြိုးစား စာဖြေကြတော့သည် ။
ကျောင်းသားတစ်ယောက်ကတော့ အေးအေးဆေးဆေး ၊ အချိန်စေ့ခါနီးမှ မိနစ်ဝက်လောက် ဖြေပြီး ထွက်ခဲ့သည် ။
အောင်စာရင်းထွက်လာတော့ သူ အမှတ်အများဆုံး ။
သူဖြေလိုက်တာက .....
" ဘယ်ခုံလဲ " တဲ့

***************************************************************************

အလုပ်ရှာတဲ့ website တစ်ခုက ရတဲ့ဟာသလေးတွေပါ ၊ ဘာသာပြန်ပြီးတင်လိုက်ပါတယ် ။

2 comments:

Moe Myint Tane said...

ဟာသလေးတွေ ဖတ်သွားပါတယ် ညီမရေ..
အဆင်ပြေ ပျော်ရွှင်ပါစေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ရွှန်းမီ said...

:)

 
footer