ကျွန်မမှာ အမုန်းများစွာရှိ၏
မည်သည့်နေရာမှာ အန်ချရမည်ကို
ကျွန်မ မသိပါ
ကျွန်မမှာ သိမ်ငယ်စိတ်များစွာရှိ၏
မည်သည့်နေရာမှာ အန်ချရမည်ကို
ကျွန်မ မသိပါ
လေဟုန်စီးလာသော စကားလုံးများကြား
အသက်ရှုရန်
ကျွန်မ မကျွမ်းကျင်ပါ
အရောင်ခြယ်မျက်လုံးများ၏အကြည့်သည်
ကျွန်မ၏ ကျန်းမာရေးကို ထိခိုက်စေပါသည်
အမုန်းများ သိမ်ငယ်စိတ်များ တိုးပွားစေပါသည်
သို့သော် မည်သည့်နေရာမှာ အန်ချရမည်ကို ကျွန်မ မသိပါ
Wednesday, October 6, 2010
Subscribe to:
Post Comments (Atom)
1 comments:
ကွင်းပြင်ကျယ်ကျယ် ပင်လယ်ကမ်းစပ်တစ်ခုခုမှာ သွားအော်လိုက်ပါ ။ :P
Post a Comment