Monday, April 4, 2011

စောင့်ခဲ့ဖူးတယ်

Posted by လွတ်ငြိမ်းလေပြေ (breeze) at 10:40 PM 3 comments
စောင့်ခဲ့ဖူးတယ်
==========

မြေထဲမှာအနေကြာတဲ့ သစ်စေ့လေးဟာ
ဘယ်တော့များ ရွက်ဦးဝေမလဲလို့
စောင့်ခဲ့ဖူးတယ်

ပွင့်ရွက်တွေကြားက ပန်းဖူးလေးဟာ
ဘာအသွေးအရောင် ရှိမလဲလို့
စောင့်ခဲ့ဖူးတယ်

လိပ်ပြာငယ်လို အဝေးကို ပျံသန်းပြီး တစ်နှစ်အကြာ
အနက်ရောင်ကျူးလစ်ပန်းတွေ ပွင့်လာတဲ့အကြောင်း
ကျွန်မကို မပြောကြပါနဲ့


photo from http://itotd.com/articles/634/tulipomania/
 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review