Tuesday, March 2, 2010

မင်းနဲ့တူတူ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 9:42 PM 5 comments
မင်းနဲ့တူတူ
------------
မင်းနဲ့တူတူ
လုပ်ချင်တဲ့ ကိစ္စတွေ ရှိတယ်
ညစာအတူစားတာမျိုး...
ကမ်းခြေအတူသွားတာမျိုး...

မင်းနဲ့တူတူ
မျှယူချင်တဲ့ အရာတွေ ရှိတယ်
ပျော်ရွှင်ခြင်း ၊ မျှော်လင့်ခြင်း
အင်း... ဝမ်းနည်းခြင်း ရောပဲပေါ့


မနက်ခင်းမှာ အတူနိုးထချင်တယ်
အတူ လက်တွဲထားမယ်
အတူ အိုမင်းချင်တယ်
သေမင်းက ငါတို့ဝိဥာဉ်ကို နှုတ်မယူခင် အထိပေါ့ ။

လွတ်ငြိမ်းလေပြေ
 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review