Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Monday, June 6, 2011

လွမ်းလို့

Posted by လွတ်ငြိမ်းလေပြေ (breeze) at 11:06 PM 3 comments

လွမ်းလို့
----------
စပယ်ဖူးဖူး
ပန်းခူးသီသီ
မွှေးရီချိုမြ
ပန်းကုံးလှကို
ဘုရားရှင်ထံ
ကပ်လှူပြန်လည်း
တစ်ခုတည်းသာ
တောင်းဆုဖြာခဲ့
အရိပ်မျှလျှင်
မြင်ချင်သည်လေ...



photo source: http://lasvegasrestaurantblog.com/wp-content/uploads/2010/05/JasmineFlower.jpg



စိတ်ကူးယဉ်ပြီး ရေးထားတာပါ

အဟုတ် မထင်ကြပါနဲ့ း)

"စပယ်ဖူးဖူး

ပန်းခူးသီသီ" ဆိုတဲ့ အစလေး ရတာနဲ့ အရှေ့ ဆက်လိုက်တာ း)

Monday, April 4, 2011

စောင့်ခဲ့ဖူးတယ်

Posted by လွတ်ငြိမ်းလေပြေ (breeze) at 10:40 PM 3 comments
စောင့်ခဲ့ဖူးတယ်
==========

မြေထဲမှာအနေကြာတဲ့ သစ်စေ့လေးဟာ
ဘယ်တော့များ ရွက်ဦးဝေမလဲလို့
စောင့်ခဲ့ဖူးတယ်

ပွင့်ရွက်တွေကြားက ပန်းဖူးလေးဟာ
ဘာအသွေးအရောင် ရှိမလဲလို့
စောင့်ခဲ့ဖူးတယ်

လိပ်ပြာငယ်လို အဝေးကို ပျံသန်းပြီး တစ်နှစ်အကြာ
အနက်ရောင်ကျူးလစ်ပန်းတွေ ပွင့်လာတဲ့အကြောင်း
ကျွန်မကို မပြောကြပါနဲ့


photo from http://itotd.com/articles/634/tulipomania/

Thursday, November 25, 2010

လွမ်းနေဆဲ မိန်းကလေး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 11:19 PM 2 comments


လွမ်းနေဆဲ မိန်းကလေး
----------------------

အလွမ်းရာသီ
.........လွမ်းတာရှည်
ဘယ်ဆီမျှော်ဆ လွမ်းပါရ
မယ်သည် သောက ဝေဆဲပ

အလွမ်းရာသီ
.........လွမ်းပါသည်
ဝေရီမိုးည ပျယ်တော့မလား


*************************************************

ကဗျာ မရေးနိုင်တော့ဘူး ထင်နေတာ ၊ မမျှော်လင့်ဘဲ အစလေး တစ်ကြောင်း နှစ်ကြောင်း ခေါင်းထဲရောက်လာတာနဲ့း)

ပုံကို http://www.slowtrav.com ကနေ ယူထားပါတယ်

Tuesday, March 2, 2010

မင်းနဲ့တူတူ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 9:42 PM 5 comments
မင်းနဲ့တူတူ
------------
မင်းနဲ့တူတူ
လုပ်ချင်တဲ့ ကိစ္စတွေ ရှိတယ်
ညစာအတူစားတာမျိုး...
ကမ်းခြေအတူသွားတာမျိုး...

မင်းနဲ့တူတူ
မျှယူချင်တဲ့ အရာတွေ ရှိတယ်
ပျော်ရွှင်ခြင်း ၊ မျှော်လင့်ခြင်း
အင်း... ဝမ်းနည်းခြင်း ရောပဲပေါ့


မနက်ခင်းမှာ အတူနိုးထချင်တယ်
အတူ လက်တွဲထားမယ်
အတူ အိုမင်းချင်တယ်
သေမင်းက ငါတို့ဝိဥာဉ်ကို နှုတ်မယူခင် အထိပေါ့ ။

လွတ်ငြိမ်းလေပြေ

Tuesday, February 2, 2010

Posted by လွတ်ငြိမ်းလေပြေ (breeze) at 12:21 PM 4 comments


photo source : ပုံထဲက web site address က အရမ်းသေးနေတော့ ဖတ်လို့မရဘူး၊
www.akholbrook.com လို့ထင်ပါတယ်

Sunday, November 1, 2009

ဆန္ဒ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 2:25 PM 2 comments















































photo source
1:http://www2.tau.ac.il/InternetFiles/news/UserFiles/image/%D7%A6%D7%97/6a00e398e05cc4000500fae8e2a358000b-500pi.jpg
2:http://www.theplatelady.com/figurines5/6719-mirror.jpg

Monday, October 5, 2009

လမ်းခွဲ ၊ မျက်ရည် ၊ အလွမ်း

Posted by လွတ်ငြိမ်းလေပြေ (breeze) at 2:43 PM 2 comments

လမ်းခွဲ ၊ မျက်ရည် ၊ အလွမ်း

အတူလျှောက်ခဲ့တဲ့လမ်း
လမ်းခွဲအရောက်
တစ်ယောက် တစ်နေရာ
ခွဲ
ထွက်
ခွာ

လမ်းတစ်ချက်လျှောက်
မျက်ရည်စက် တစ်ပေါက်
သီ
ဝေ
ကြွေ

မျက်ရည်ချောင်း
မျက်ရည်အိုင်
မျက်ရည်လွင်ပြင်
မျက်ရည်ပင်လယ်
ပြန်မဆုံမချင်း မျောဦးမယ် ။

photo source : http://www2.tau.ac.il/InternetFiles/news/UserFiles/image/%D7%A6%D7%97/6a00e398e05cc4000500fae8e2a358000b-500pi.jpg

Wednesday, September 2, 2009

ချစ်သူသို့

Posted by လွတ်ငြိမ်းလေပြေ (breeze) at 6:50 PM 3 comments



ပိတောက်ဖူးပုံကို ကိုခွန်မောင် ဘလော့က ရပါတယ် ၊ သူက မြန်မာသင်္ကြန် ဘလော့က ယူတယ်လို့ ဆိုပါတယ်ရှင်
ဒီနေရာကနေပဲ သုံးခွင့်တောင်းပါရစေနော် ၊ ကျေးဇူးတင်ပါတယ်

Monday, July 27, 2009

နွယ်ကလေး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 12:03 AM 1 comments


photo source : http://designermill.com/wp-content/uploads/2008/06/blue-vine.gif

Wednesday, June 10, 2009

ချစ်သူ့ ကမ္ဘာငယ်

Posted by လွတ်ငြိမ်းလေပြေ (breeze) at 6:42 PM 3 comments


ချစ်သူ့ ကမ္ဘာငယ်
-------------------
ငွေသစ်ရွက်လေးတွေမှာ
မင်းအတွက်ကဗျာ ပါတယ်

သန်းခေါင်ယံ လရောင်ကို
အိပ်ဖန်စောင့်ဖို့ မှာခဲ့တယ်

နေခြည်ပေါက်စလေးတွေ
(မနာလိုစွာနဲ့ပဲ)
မင်းကို နမ်းခိုင်းရဦးမယ်

ပျော်ရွှင်ပါစေနော်

ပန်းသီးနီနီတွေ အမြဲချိုနေဖို့
စမ်းချောင်းလေး သာသာယာယာ စီးဖို့
ငှက်ကလေးတွေ ၊ ပန်းကလေးတွေ ၊လိပ်ပြာလေးတွေ ပျော်တော်ဆက်ဖို့
လေညင်းလေး အေးအေးငြိမ်ငြိမ် ဖြတ်သန်းသွားဖို့
မိုးစက်လေးတွေ ၊ နှင်းပွင့်လေးတွေ ညင်ညင်သာသာ ထိတွေ့ဖို့
သစ်ပင်ကြီးတွေ ၊ တိမ်တိုက်တွေ မင်းကို အရိပ်မိုးပေးဖို့
မင်းလျှောက်မယ့်လမ်းမှာ မြက်ကလေးတွေကအစ နူးညံ့နေဖို့

ကိုယ် တောင်းပန်ထားပါတယ်ကွယ် ။

လွတ်ငြိမ်းလေပြေ

photo source :
http://i136.photobucket.com/albums/q176/aleasha21/anime_girl_wallpaper.jpg

Friday, June 5, 2009

မေမေ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 3:32 PM 0 comments

Thursday, May 14, 2009

ချစ်သူဝေး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 8:11 PM 2 comments

ချစ်သူဝေး
--------
ချစ်သူ
နီးခြင်း .. ဝေးခြင်း .. ကို
ဘယ်လိုဖွင့်ဆိုရပါ့

နားမလည်မှုတွေနဲ့ စပြီးဝေး
မာနချင်းယှဉ်ပြီး တစ်ခါထပ်ဝေး
ယုံကြည်ရာတွေ ခြားနားရင်း ထပ်ပြီးဝေး
စွန့်ခွာချင်သူ့ ဆန္ဒမှာ ..... အဝေးဆုံးဝေး

သံယောဇဉ်ဆိုတဲ့ ကြိုးကလေး
(ထောင်းကနဲ)
ပြတ်တောက်သွားချိန်မှာ

ဘဝအဝေးက စောင့်နေမယ် ။

photo source : http://www.alivenotdead.com/attachments/2008/02/56475_200802121716531.thumb.jpg

Thursday, March 26, 2009

ခွဲခွာခြင်းရဲ့ အလင်္ကာ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 1:27 AM 2 comments


photo source : http://i.pbase.com/o6/20/11820/1/74128278.aHX1Rds6.Whitesmokebecomesdark.jpg

Saturday, February 21, 2009

တူတူသွားမယ်

Posted by လွတ်ငြိမ်းလေပြေ (breeze) at 10:25 PM 4 comments

Friday, February 13, 2009

ပန်းပုရုပ်လေး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 12:29 PM 3 comments

ပန်းပုရုပ်လေး
----------
ကိုယ့်ရင်ထဲမှာ
မင်းထုဆစ်တဲ့
ပန်းပုရုပ်လေး ရှိနေတယ်

မင်းပေးခဲ့တဲ့ အချစ်တွေ
သူ့ကို အသက်ဝင်စေခဲ့

မင်းပေးခဲ့တဲ့ ကြင်နာခြင်း
ပျော်ရွှင်ခြင်းကို ဖန်ဆင်းခဲ့

မင်းပေးခဲ့တဲ့ အလွမ်းတွေ
သူ လေးနက်တတ်ခဲ့

မင်းပေးခဲ့တဲ့ ဒဏ်ရာတွေ
မျက်ရည်စိုစေခဲ့

အချိန်တွေကြာလာတဲ့အခါ
မင်းပေးတဲ့ ဒဏ်ရာတွေ
လှပတဲ့ အမာရွတ်လေး ဖြစ်ခဲ့တယ်။

photo source : http://images.suite101.com/520893_com_an00497132_001.jpg

Saturday, February 7, 2009

မိုး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 1:57 PM 3 comments

မိုး
---

ကိုယ်သွားတဲ့ နေရာတွေ
လိုက်လို့ရွာပေမယ့်
မင်းကို ချစ်ပါတယ်

မင်းကြောင့်သာ
အေးမြခြင်း ဆိုတာ
သိခဲ့ရတာ

သစ်ပင်လေးတွေမှာ
စိမ်းလန်းခြင်း ဆိုတာ
ရှိခဲ့ကြတာ

လန်းဆန်းခြင်း
သန့်စင်ခြင်း
ရှင်သန်ခြင်း..တို့
ဖူးပွင့်ခဲ့တာ

မျှော်သူတွေ မျှော်နေကြတယ်
ကိုယ်သွားတဲ့ နေရာတွေ
လိုက်လို့ရွာပေမယ့်
ကျေးဇူးပါ မိုးရယ်။

photo source : http://gallery.photo.net/photo/6432934-lg.jpg


မနေ့က မိုးရွာတယ်
မိုးတောထဲကို တိုးသွားရင်းနဲ့ ရလာတာလေးပေါ့
း)

Saturday, December 13, 2008

Posted by လွတ်ငြိမ်းလေပြေ (breeze) at 6:52 PM 2 comments

ခုတလော စိတ်တွေ ရှုပ်နေတယ်
ဘလော့နဲ့ အဆက်ပြတ်သွားမလားတောင် ထင်မိတယ်
း)

Wednesday, December 3, 2008

ပြုံးပါ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 5:19 PM 3 comments


Tuesday, December 2, 2008

ချိန်းတဲ့စာ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 11:18 AM 5 comments


ကြယ်ကြွေကောက်ဖို့
ည အရောက်လာပါ

ကမ္ဘာစွန်းက
ကျွန်းကလေးမှာ

အိပ်မက်ဖြန့်ခင်း
သီချင်း သီရာ

ချစ်ခြင်းကိုသာ
ယူခဲ့ပါ...။

Saturday, November 29, 2008

အဝေးက

Posted by လွတ်ငြိမ်းလေပြေ (breeze) at 1:23 PM 2 comments


မင်းဘဝမှာ
ဇာတ်ရံအဖြစ်နဲ့တောင် ပါဝင်ခွင့်မရတာ
အံ့သြမိရဲ့

မင်းကိုယ်တိုင်ကြောင့်လား
ကံကြမ္မာကြောင့်လား
မသိတတ်နိုင်

ထားခဲ့

နေမင်းလို
လအလင်းလို
လေညင်းလို
သီချင်းလို
ကိုယ်က .... အဝေးကလည်း ချစ်တတ်တယ်။




photo source :http://farm3.static.flickr.com/2036/2081168960_f2d01dcef1.jpg?v=0
 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review