Saturday, October 25, 2008

စကား မပြောဘူး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 2:08 PM 3 comments



မချစ်တတ်ရင်
ကဗျာတွေကို မင်းမြင်မှာမဟုတ်ဘူး

ဘာသာစကားမတူတဲ့သူနဲ့ ငါစကားမပြောဘူး

မရယ်တတ်ရင် ပျော်စရာတွေကိုမင်းတွေ့မှာမဟုတ်ဘူး
ဘာသာစကားမတူတဲ့သူနဲ့ ငါစကားမပြောဘူး

နှလုံးသားနဲ့နားမထောင်တတ်ရင်
သူတို့တွေပြောတာ မင်းကြားမှာမဟုတ်ဘူး
ဘာသာစကားမတူတဲ့သူနဲ့ ငါစကားမပြောဘူး

၁ နဲ့ပဲမြှောက်လို့ကတော့ အဆပွားမလာဘူး
ဘာသာစကားမတူတဲ့သူနဲ့ ငါစကားမပြောဘူး

photo : http://wwwdelivery.superstock.com/WI/223/1444/PreviewComp/SuperStock_1444R-89074.jpg
 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review