Labels
- poem (26)
- Reading and Sharing (4)
- postcard (4)
- just thoughts (3)
- tag (2)
- childhood (1)
- tale (1)
Saturday, September 27, 2008
Thursday, September 25, 2008
Monday, September 22, 2008
စောင့်သူ
တံခါးမရှိလို့  မဟုတ်ပါဘူး
အခွင့် မရှိလို့ ပါ
မင်းနှလုံးသား အပြင်မှာ ရပ်စောင့်ခဲ့ရ
နှင်းကိုက်ခံ ငါ့ချစ်ခြင်းတွေ
ခပ်နွမ်းနွမ်းနေမှာ အရည်ပျော်
မင်း တံခါးအဖွင့်ကို မိုးရေထဲ မျှော်ခဲ့ရတယ်
အချစ်နဲ့ ထုံမွှန်းခဲ့
ငါဆက်သမဲ့ သစ်သီးတစ်လုံး
မင်း စားသုံးနိုင်ပါ့မလား
သက်ဆိုင်သူ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသူများ စောင့်ရကျိုးနပ်ကြပါစေလို့း)
Categories
poem
Tuesday, September 16, 2008
Postcard
ဆရာ တာရာမင်းဝေ ရဲ့ ၀တ္ထု တစ်ပုဒ်ထဲက ကဗျာလေးကို သဘောကျလို့  postcard လုပ်ကြည့်ဖူးပါတယ်
postcard လေး တွေလုပ်တာလည်း ကျွန်မရဲ့ ၀ါသနာတစ်မျိုးပါ
ချစ်သူကို ဒီလိုစကားလေး ပြောချင်သူတွေအတွက် မျှဝေလိုက်ပါတယ်
ဒီပိုစ့်အတွက်ပုံကို http://www.flickr.com ကနေ ယူပါတယ်
လာဖတ်ပေးကြတဲ့သူတွေ comment ရေးပေးကြတဲ့သူတွေ ကို ကျေးဇူးတင်ပါတယ် တကယ်ပါ
cbox မရှိတာက မထည့်တတ်သေးလို့ ပါး)))))))))))))
Categories
postcard
Saturday, September 13, 2008
ဖော်မဲ့
ဟင်းလင်းပွင့် လေဟာပြင်ထဲ
တည်မှီရာမဲ့ လွင့်မျော
ကျောနောက်မှာ ဗလာပဲရှိတယ်
ကောက်သင်းကောက်သူတွေ
ငါ့ ကိုကျော်သွားကြရဲ့ 
တစ်ခါ တစ်ခါ တော့လည်း လွမ်းတယ်
အထီးကျန်တဲ့ ခံစားချက် ရှိခဲ့တုန်းက ရေးခဲ့တဲ့ ကဗျာလေးပါ
ခုထိလည်း ကြိုက်ပါတယ်
ဟဲ ဟဲ ကိုယ်ရေးတာကိုး
ဆရာတော် ဦးဇောတိက ရဲ့  အထီးကျန်ဘ၀မှလွတ်မြောက်ခြင်း ဆိုတဲ့ စာအုပ်လေးကတော့ ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးပါ
Categories
poem
Wednesday, September 10, 2008
sweet girl
ကျွန်မ အသက် ခြောက်လတုန်းက ပုံလေးပါ၊ အဲဒီတုန်းက မထိုင်တတ်သေးဘူး၊ မေမေက နောက်ကနေ ပုန်းပြီး ထိန်းပေးထားတာတဲ့။
Categories
childhood
Subscribe to:
Posts (Atom)