Saturday, September 13, 2008

ဖော်မဲ့

Posted by လွတ်ငြိမ်းလေပြေ (breeze) at 1:00 AM




ဟင်းလင်းပွင့် လေဟာပြင်ထဲ
တည်မှီရာမဲ့ လွင့်မျော
ကျောနောက်မှာ ဗလာပဲရှိတယ်
ကောက်သင်းကောက်သူတွေ
ငါ့ ကိုကျော်သွားကြရဲ့ 
တစ်ခါ တစ်ခါ တော့လည်း လွမ်းတယ်








အထီးကျန်တဲ့ ခံစားချက် ရှိခဲ့တုန်းက ရေးခဲ့တဲ့ ကဗျာလေးပါ
ခုထိလည်း ကြိုက်ပါတယ်
ဟဲ ဟဲ ကိုယ်ရေးတာကိုး
ဆရာတော် ဦးဇောတိက ရဲ့  အထီးကျန်ဘ၀မှလွတ်မြောက်ခြင်း ဆိုတဲ့ စာအုပ်လေးကတော့ ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးပါ

4 comments:

လင်း said...

နိုင်းနိုင်းစနေ ဘလော့ကတွေ့ လို့ လိုက်လာပြီး လာဖတ်တာ။ စီဗုံးလဲမရှိတော့ ဒီမှာဘဲေ၇းခဲ့တယ်။

မိုးမြင့်တိမ် said...

လွတ်ငြိမ်းလေပြေတဲ့လား နာမည်လေးက တော်တော်ကောင်းတာဘဲ နွေးထွေးစွာကြိုဆိုပါတယ် ညီမရေ ကဗျာလေးက တိုတိုလေးနဲ့ တော်တော်ကောင်းတာဘဲ အားပေးပါတယ်ညီမရေ ဆက်ရေးပါ။ အော်cboxလေးတော့ တပ်ထားပါလားညီမ ဒါမှ လာလည်တဲ့သူတွေ ရေးသွားလို့ ရအောင်လေ။ ညီမဆက်ရေးနော် အားပေးနေမယ်။ စာမေးပွဲလည်း အမှတ်ကောင်းကောင်းနဲ့ အောင်ပါစေလို့။

ကောင်းကင် said...

လာလည်ပါတယ်ခင်ဗျာ ကဗျာလေးအရမ်းကောင်းပါတယ်
အများကြီး ဆက်လက်ရေးသားနိုင်ပါစေဗျာ
အားပေးပါတယ် :)

ရွှေပြည်သူ (ShwePyiThu) said...

“ကောက်သင်းကောက်သူတွေ
ငါ့ ကိုကျော်သွားကြရဲ့ 
တစ်ခါ တစ်ခါ တော့လည်း လွမ်းတယ်”

ကွင်းပြင်တစ်ခုထဲ ခဏရောက်သွားတယ်။ ကဗျာရေးကောင်းတဲ့ ညီမလေး နောင်လည်း အများကြီးရေးနိုင်ပါစေ။ အားပေးနေပါ့မယ်...

 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review