
မချစ်တတ်ရင်
ကဗျာတွေကို မင်းမြင်မှာမဟုတ်ဘူး
ဘာသာစကားမတူတဲ့သူနဲ့ ငါစကားမပြောဘူး
မရယ်တတ်ရင် ပျော်စရာတွေကိုမင်းတွေ့မှာမဟုတ်ဘူး
ဘာသာစကားမတူတဲ့သူနဲ့ ငါစကားမပြောဘူး
နှလုံးသားနဲ့နားမထောင်တတ်ရင်
သူတို့တွေပြောတာ မင်းကြားမှာမဟုတ်ဘူး
ဘာသာစကားမတူတဲ့သူနဲ့ ငါစကားမပြောဘူး
၁ နဲ့ပဲမြှောက်လို့ကတော့ အဆပွားမလာဘူး
ဘာသာစကားမတူတဲ့သူနဲ့ ငါစကားမပြောဘူး
photo : http://wwwdelivery.superstock.com/WI/223/1444/PreviewComp/SuperStock_1444R-89074.jpg
3 comments:
“မချစ်တတ်ရင် ကဗျာတွေကို မင်းမြင်မှာမဟုတ်ဘူး” အဲဒီပထမစာကြောင်းနဲ့တင် ရင်ထဲကို ထိသွားတယ် ညီမလေးရေ... စာမေးပွဲပြီးရင် အများကြီးဆက်ရေးဦးနော်...း)
ညီမက ကဗျာရေးတော်တော်ကောင်းတာဘဲ။ ညီမစာမေးပွဲ ပြီးသွားရင် ညီမရေးမယ့် ကဗျာတွေကို စောင့်ဖတ်နေမယ်။ စာမေးပွဲလည်း အထစ်အငေါ့မရှိ ဖြေနိုင်ပါစေလို့ အကိုဆုတောင်းပေးပါတယ်။
ဟုတ်တယ်ဟေ့..စကားမပြောဘူး..မာနကတော့ ခပ်ကြီးကြီးပဲ..:P
ဘာသာစကားမတူရင် ဘယ်လိုမှ ဆက်ဆံလို့မရဘူး..
Post a Comment