Tuesday, December 2, 2008

ချိန်းတဲ့စာ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 11:18 AM


ကြယ်ကြွေကောက်ဖို့
ည အရောက်လာပါ

ကမ္ဘာစွန်းက
ကျွန်းကလေးမှာ

အိပ်မက်ဖြန့်ခင်း
သီချင်း သီရာ

ချစ်ခြင်းကိုသာ
ယူခဲ့ပါ...။

5 comments:

Moe Myint Tane said...

ပုံလေးနဲ့ ကဗျာလေးကတော့ အရမ်းလိုက်ဖက်တာဘဲညီမ။
ကဗျာလေးက တိုပေမယ့် ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ရောက်အောင် ရိုးရိုးရှင်းရှင်းနဲ့ ထိထိမိမိရေးဖွဲ့ထားတော့ ကဗျာလေးက ချစ်စရာကောင်းနေတယ်။ အားလုံးပေါင်း
လိုက်တော့ ကဗျာကောင်းလေးတစ်ပုဒ်ဖြစ်သွားတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

pandora said...

ချစ်စရာကောင်းတဲ့ ကဗျာလေးတွေကိုလာဖတ်သွားပါတယ်
ကိုယ်တိုင်ဆွဲထားတဲံ့ပုံလေးကလည်း ချစ်စရာပါပဲ။

အရင်သုံးထားတဲ့ ပုံတွေမှာ လင့်ခ် တွေပေးထားတာ တွေ့လို့ ၀မ်းသာမိတယ်။

အေးချမ်းပျော်ရွှင်စွာ အကြာကြီး ဘလော့ဂ် နိုင်ပါစေ။
အားပေးနေမယ်။

လင်းဒီပ said...

ဖတ်လိုက်တယ်..
ကဗျာဆန်နေတယ်..
တော်ပြီ...အဲဒါကဗျာရဲ့ အလှပဲ

ဖြိုးငယ် said...

ကောင်းလိုက်တဲ့ ချိန်းစာဗျာ

ရွှေပြည်သူ (ShwePyiThu) said...

ညီမလေး လေပြေရေ... ကဗျာလေးက နူးညံ့နေတာပဲ... ကဗျာကောင်းလေးတွေ အများကြီး ဆက်ရေးနိုင်ပါစေ...

 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review