
မိုး
---
ကိုယ်သွားတဲ့ နေရာတွေ
လိုက်လို့ရွာပေမယ့်
မင်းကို ချစ်ပါတယ်
မင်းကြောင့်သာ
အေးမြခြင်း ဆိုတာ
သိခဲ့ရတာ
သစ်ပင်လေးတွေမှာ
စိမ်းလန်းခြင်း ဆိုတာ
ရှိခဲ့ကြတာ
လန်းဆန်းခြင်း
သန့်စင်ခြင်း
ရှင်သန်ခြင်း..တို့
ဖူးပွင့်ခဲ့တာ
မျှော်သူတွေ မျှော်နေကြတယ်
ကိုယ်သွားတဲ့ နေရာတွေ
လိုက်လို့ရွာပေမယ့်
ကျေးဇူးပါ မိုးရယ်။
photo source : http://gallery.photo.net/photo/6432934-lg.jpg
မနေ့က မိုးရွာတယ်
မိုးတောထဲကို တိုးသွားရင်းနဲ့ ရလာတာလေးပေါ့
း)
3 comments:
မျှော်သူတွေ မျှော်နေကြတယ်
ကိုယ်သွားတဲ့ နေရာတွေ
လိုက်လို့ရွာပေမယ့်
ကျေးဇူးပါ မိုးရယ်။
မျှော်သူတွေနဲ့ တွေ့ဆုံပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ ညီမရေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကိုယ်သွားမယ့် ခရီးမှာ မိုးကြောင့်လေးဖင့်နေတယ်လို့ မတွေးပဲ..မိုးကို အကောင်းဘက်က ကြည့်ပြီး ရေးထားတယ်လို့တွေးမိတယ်..အပိတ်ပိုဒ်ကလေးက “မျှော်သူတွေ မျှော်နေကြတယ်“ လို့ ပိတ်လိုက်တာလေးလှတယ်..
ကဗျာလေးက အရမ်းလှတယ် ညီမလေးရေ... ဖတ်ပြီးတော့တောင် မိုးတွေရွာနေသလိုပဲ...း)
Post a Comment