
ချစ်သူဝေး
--------
ချစ်သူ
နီးခြင်း .. ဝေးခြင်း .. ကို
ဘယ်လိုဖွင့်ဆိုရပါ့
နားမလည်မှုတွေနဲ့ စပြီးဝေး
မာနချင်းယှဉ်ပြီး တစ်ခါထပ်ဝေး
ယုံကြည်ရာတွေ ခြားနားရင်း ထပ်ပြီးဝေး
စွန့်ခွာချင်သူ့ ဆန္ဒမှာ ..... အဝေးဆုံးဝေး
သံယောဇဉ်ဆိုတဲ့ ကြိုးကလေး
(ထောင်းကနဲ)
ပြတ်တောက်သွားချိန်မှာ
ဘဝအဝေးက စောင့်နေမယ် ။
photo source : http://www.alivenotdead.com/attachments/2008/02/56475_200802121716531.thumb.jpg
2 comments:
ပြတ်သွားတဲ့ ကြိုးတွေပြန်ဆက်ရင်း ဝေးနေတဲ့သူတွေ နီးနိုင်ပါစေ လို့ဆုတောင်းပေးသွားတယ် ညီမ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ငါ့ညီမရယ်...ဝေးလိုက်တာ...။
Post a Comment