Monday, October 5, 2009

လမ်းခွဲ ၊ မျက်ရည် ၊ အလွမ်း

Posted by လွတ်ငြိမ်းလေပြေ (breeze) at 2:43 PM

လမ်းခွဲ ၊ မျက်ရည် ၊ အလွမ်း

အတူလျှောက်ခဲ့တဲ့လမ်း
လမ်းခွဲအရောက်
တစ်ယောက် တစ်နေရာ
ခွဲ
ထွက်
ခွာ

လမ်းတစ်ချက်လျှောက်
မျက်ရည်စက် တစ်ပေါက်
သီ
ဝေ
ကြွေ

မျက်ရည်ချောင်း
မျက်ရည်အိုင်
မျက်ရည်လွင်ပြင်
မျက်ရည်ပင်လယ်
ပြန်မဆုံမချင်း မျောဦးမယ် ။

photo source : http://www2.tau.ac.il/InternetFiles/news/UserFiles/image/%D7%A6%D7%97/6a00e398e05cc4000500fae8e2a358000b-500pi.jpg

2 comments:

လင်းဒီပ said...

ကဗျာဆရာမက မာနကြီးတယ် တစ်လကို တစ်ပုဒ်လောက်ပဲ ရေးတယ်..
ရေးရင်လည်း တိုတိုလေးပဲ..။(စသွားသည်။)

့မြန်မြန်ပြေးရသည် မျက်ရည်တွေ လာစိုမှာ စိုးလို့..။

ရွှေပြည်သူ (ShwePyiThu) said...

ရိုးရိုးလေးနဲ့ ဆန်းတယ်... သီ ဝေ ကြွေဆိုတဲ့ အသုံးလေး လှလိုက်တာ ညီမလေးရယ်...

 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review