
==========
မြေထဲမှာအနေကြာတဲ့ သစ်စေ့လေးဟာ
ဘယ်တော့များ ရွက်ဦးဝေမလဲလို့
စောင့်ခဲ့ဖူးတယ်
ပွင့်ရွက်တွေကြားက ပန်းဖူးလေးဟာ
ဘာအသွေးအရောင် ရှိမလဲလို့
စောင့်ခဲ့ဖူးတယ်
လိပ်ပြာငယ်လို အဝေးကို ပျံသန်းပြီး တစ်နှစ်အကြာ
အနက်ရောင်ကျူးလစ်ပန်းတွေ ပွင့်လာတဲ့အကြောင်း
ကျွန်မကို မပြောကြပါနဲ့
photo from http://itotd.com/articles/634/tulipomania/
3 comments:
ရင်ထဲရောက်သွားတဲ့ ကဗျာလေးပါ ညီမလေး လေပြေရေ...
“အနက်ရောင်ကျူးလစ်ပန်းတွေ ပွင့်လာတဲ့အကြောင်း
ကျွန်မကို မပြောကြပါနဲ့” တဲ့လား...
ဟောသလိုကဗျာတိုတိုလေးတွေ ဖတ်ရဖို့လည်း လနဲ့ချီပြီး စောင့်ခဲ့ဖူးတယ် :P
စောင့်ခဲ့ဖူးပါတယ်..။
Post a Comment