မင်းနဲ့တူတူ
------------
မင်းနဲ့တူတူ
လုပ်ချင်တဲ့ ကိစ္စတွေ ရှိတယ်
ညစာအတူစားတာမျိုး...
ကမ်းခြေအတူသွားတာမျိုး...
မင်းနဲ့တူတူ
မျှယူချင်တဲ့ အရာတွေ ရှိတယ်
ပျော်ရွှင်ခြင်း ၊ မျှော်လင့်ခြင်း
အင်း... ဝမ်းနည်းခြင်း ရောပဲပေါ့
မနက်ခင်းမှာ အတူနိုးထချင်တယ်
အတူ လက်တွဲထားမယ်
အတူ အိုမင်းချင်တယ်
သေမင်းက ငါတို့ဝိဥာဉ်ကို နှုတ်မယူခင် အထိပေါ့ ။
လွတ်ငြိမ်းလေပြေ
Labels
- poem (26)
- Reading and Sharing (4)
- postcard (4)
- just thoughts (3)
- tag (2)
- childhood (1)
- tale (1)
Tuesday, March 2, 2010
Tuesday, February 2, 2010
လ

photo source : ပုံထဲက web site address က အရမ်းသေးနေတော့ ဖတ်လို့မရဘူး၊
www.akholbrook.com လို့ထင်ပါတယ်
Categories
poem
Sunday, December 20, 2009
စိတ်ကူးး)

လူစည်ကားရာလမ်းမကြီးတစ်လျှောက် မိန်းကလေးတစ်ယောက် လမ်းလျှောက်လာသည်
လက်ထဲက လိပ်စာကဒ်လေးကို ကိုင်ကာ နေရာတစ်ခုကို ရှာနေသလို
ခဏအကြာမှာ Sweet Memories လို့ အမည်တပ်ထားသည့် စားသောက်ဆိုင်လေးကို တွေ့တော့ သူပြုံးသွားသည် ၊ တွေ့ပြီ
*************************************************************************************************************************************
တံခါးလက်ကိုင်ကို တွန်းဖွင့်ဝင်လိုက်စဉ်မှာပင် ရင်းနှီးလွန်းသော ရနံ့တစ်ခုကို ရသည်
ဆိုင်ထဲကို မျက်လုံးအဝေ့....
အို ... ခေး အကြိုက်ဆုံး စံပယ်တွေ
ပြီးတော့ အပြုံးနဲ့ကြိုနေတဲ့ မောင်
ဆိုင်ထောင့်က တစ်လုံးတည်းသော စားပွဲလေးမှာ ထိုင်မိသည်ထိ ခေး အံ့သြမှုမပြေသေးပါ
ဆိုင်ထဲမှာ ဖွင့်ထားတာက ခေးတို့နှစ်ယောက်တူတူကြိုက်တဲ့ Boy Zone ရဲ့ When you say nothing at all သီချင်း
ဘေးက အလှပစ္စည်းတင် စင်လေးပေါ်မှာ မောင်နဲ့ခေးတို့ရဲ့ အမှတ်တရ ဓါတ်ပုံလေးတွေ
"မောင်က စိတ်ကူးကောင်းလိုက်တာ၊ ဒီလိုအပြင်အဆင်မျိုး မမြင်ဖူးသေးဘူး"
"ဒီဆိုင်က ကြိုပြီးငှားရတယ် ခေးရဲ့ ၊ သူတို့က ကိုယ့်အကြိုက်လေးတွေ မေးပြီး သေချာပြင်ဆင်ပေးတယ် ၊ ပြီးတော့ တစ်ချိန်မှာ customer တစ်ယောက်ပဲ လက်ခံတယ်လေ"
"ခေး ဆာပြီလား ၊ စားစရာတွေ လာချပေးဖို့ ပြောလိုက်တော့မယ် ၊ မောင်တို့အကြိုက် နန်းကြီးသုတ် မှာထားတယ် ၊ ပြီးတော့ ဘလက်ကော်ဖီ"
စားစရာတွေ လာချပေးတော့ ကျောင်းသားဘဝကို သတိရမိသည်
အဲဒီတုန်းက မောင်ကလည်း စားသောက်တိုင်း ပိုက်ဆံရှင်းချင် ၊ ခေးကလည်း မောင်ပိုက်ဆံကုန်မှာစိုးရိမ်နဲ့ ဘလက်ကော်ဖီတွေသာ သောက်ခဲ့ကြတာ တကယ့် အမှတ်တရ
''ဒီလို သေချာပြင်ဆင်ခိုင်းဖို့ဆို ဈေးတော့ နည်းနည်းကြီးမှာပေါ့နော် မောင်"
ခေးက တိုးတိုးမေးတော့ မောင်က "ကိုယ်တို့ဘဝရဲ့ အရေးကြီးတဲ့ နေ့အတွက် ဒီလောက်တော့ အကုန်ခံရမှာပေါ့" တဲ့
မောင်ကမ်းလာတဲ့ မင်္ဂလာလက်စွပ်လေးကို တွေ့လိုက်ရချိန်မှာတော့ ခေး အရာအားလုံးကို မေ့လောက်အောင် ပျော်ရွှင်သွားခဲ့ပါသည်
*************************************************************************************************************************************
ဒေါ်လေပြေတစ်ယောက် ဆိုင်အတွက် လိုအပ်သည်များကို တစ်မနက်လုံး ရှာဖွေ ဝယ်နေရသဖြင့် ဒီနေ့ ဆိုင်အရောက် နောက်ကျနေသည်။ သူက ဆိုင်ထဲသို့အဝင် ၊ ဆိုင်မှာ လာစားဟန်တူသည့်စုံတွဲလေးက ဆိုင်ထဲကအထွက် ကောင်မလေးပြောသွားသည့်စကားကြောင့် ပြုံးမိရသေးသည်။
"ဆိုင်ရှင်က သိပ်ချစ်တတ်မှာပဲနော် ၊ သူ့ချစ်သူတော့ သူလုပ်ပေးတဲ့ အမှတ်တရလေးတွေကြောင့် သိပ်ပျော်မှာပဲ"
ပျော်တတ်မှ ၊ ဝါသနာတူမှ ၊ အသက်မွေးဝမ်းကျောင်းမှုလည်း တူမှ ၊ တူရင်တောင် သူ့ထက် အများကြီးပိုတော်မှ ၊ အလုပ်ကြိုးစားလွန်းမှ၊ သူ့ကို တစ်သက်လုံး သစ္စာရှိမှ ၊ သူ့အပေါ် တောင်းဆိုမှုတွေ သိပ်မများမှ ၊ တကိုယ်ကောင်းမဆန်မှ ၊ သူ့ကို အရမ်းချစ်မှ ၊ သူ့ထက် အသက် မငယ်မှ ၊ လူကြီးတစ်ယောက်လို စိတ်ထား ရင့်ကျက်မှ ... စသည့် စသည့် စံများကြောင့် ဆိုင်ရှင်ခမျာ ခုထိ အပျိုကြီးဖြစ်နေကြောင်း ကောင်မလေး မသိရှာပေ ။
..........................................။............................................................................။....................................................
အစ်မဝါရဲ့ tag လေးကို စိတ်ကူးယဉ်ပြီး ရေးလိုက်ပါတယ်၊ သတိတရ tag တာ ကျေးဇူးပါ အစ်မဝါး)
photo source : http://media.photobucket.com/image/coffee%20love/Cyberpiba/Good%20Morning/Coffee%20Art/CoffeeLove2.jpg
Categories
tag
Sunday, December 6, 2009
လမ်းမများအကြောင်း

လမ်းမများ ခေါ်ဆောင်ရာသို့ လိုက်ပါဖူးပါသလား
ချစ်သူရှိရာသို့ ပေါက်ရောက်သော လမ်းများ၊ ချမ်းသာကြွယ်ဝမှုသို့ သွားရာလမ်းများ ၊ အဆုံးမဲ့ ငြိမ်းချမ်းမှုသို့ ဆိုက်ရောက်ရာ လမ်းများ ၊ ... ...၊ ... ... ၊
အချို့လမ်းများမှာ အလှအပပြင်ပြီး သင်လျှောက်လာရန် ဆွဲဆောင်နေကြလိမ့်မည် ၊
အချို့လမ်းများမှာ မမြင်ရသော ထောင်ချောက်များ ၊
အချို့လမ်းများမှာ ပြောင်ပြောင်တင်းတင်း အတားအဆီးများ
အချို့လမ်းများမှာ ကျယ်သည် ၊ လွယ်သည် ၊ သို့သော် ငရဲသို့ သွားရာလမ်းများ
အချို့လမ်းများက စာပေကျမ်းဂန်တွေထဲကလို တစ်ယောက်သွားသာရုံ
အချို့က လူအများ လျှောက်သောလမ်း
အချို့လမ်းများက အဆင်သင့် ဖောက်ပြီးသား ၊ သင်လျှောက်သွားဖို့သာ လိုသည်
အချို့ကျတော့ သင်ကိုယ်တိုင် ထွင်ရမည့်လမ်း ၊
သင် လျှောက်နေသည်က တစ်လမ်း ၊ သင်လျှောက်ချင်သည်က တစ်လမ်းဆို သင် ဘယ်လိုလုပ်မလဲ
လျှောက်ချင်သည့်လမ်းကို သင်ကိုယ်တိုင် ဖောက်ရမည် ဆိုလျှင်ရော
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ချစ်သူရှိရာကို သွားဖို့ သတ္တိတွေ ခွန်အားတွေ ခံနိုင်ရည်တွေ ကျွန်မမှာ ရှိခဲ့ရင် ဘယ်လောက်ကောင်းမလဲ
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အခုတော့ သူက လမ်းအသစ်ကို လျှောက်တော့မည်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကမ္ဘာကြီးက လုံးနေသည် ဆိုသော်လည်း ၊ ကျွန်မက စောင့်နေမည်ဆိုလျှင်လည်း ၊ အတူလျှောက်ခဲ့သည့်လမ်းကို သူပြန်လာချင်မှ လာပေလိမ့်မည်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
Categories
just thoughts
Sunday, November 1, 2009
ဆန္ဒ





photo source
1:http://www2.tau.ac.il/InternetFiles/news/UserFiles/image/%D7%A6%D7%97/6a00e398e05cc4000500fae8e2a358000b-500pi.jpg
2:http://www.theplatelady.com/figurines5/6719-mirror.jpg
Categories
poem
Tuesday, October 27, 2009
အက္ခရာများနဲ့ ခဏတာ
ညီမလေး ရွှန်းမီ tag ထားတာပါ
သတိတရ tag တာ ကျေးဇူးပါ ညီမလေး
1. What is your name : လွတ်ငြိမ်းလေပြေ
2. A four Letter Word : လွတ်လွတ်လပ်လပ် ၊ လေလေလွင့်လွင့် ၊ လိမ့်လိမ့်လူးလူး ၊ လတ်လျားလတ်လျား
3. A boy's Name : လင်းမြတ်
4. A girl's Name : လွတ်လပ်ငြိမ်းအေး (ငယ်ငယ်တုန်းက ဆုံဖူးတဲ့ သူငယ်ချင်းလေး)
5. An occupation : လယ်သမား
6. A color : လိမ္မော်ရောင်
7. Something you'll wear : လက်စွပ်
8. A food : လမုန့်
9. Something found in the bathroom : လက်ဆေးဆပ်ပြာ
10. A place : လသာဆောင် ၊ လေသာဆောင်
11. A reason for being late : လမ်းမှားနေလို့
12. Something you'd shout : လဲသေလိုက် (း) ဖတ်ရတာ ရိုင်းရင် ခွင့်လွှတ်ကြပါ )
13. A movie title : လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ (ရဲအောင် ၊ မို့မို့မြင့်အောင် ၊ စိုးမြတ်သူဇာ)
14. Something you drink : လိမ္မော်ရည်
15. A musical group : လေးဇီးကလပ်
16. An animal : လိပ်
17. A street name : လသာလမ်း
18. A type of car : လော်ရီကား
19. The title of a song : လွမ်းသူ့အိပ်မက် (ထူးအိမ်သင်)
20. A verb : လွှတ်သည် (ဥပမာ... ငါးလွှတ်သည်)
သတိတရ tag တာ ကျေးဇူးပါ ညီမလေး
1. What is your name : လွတ်ငြိမ်းလေပြေ
2. A four Letter Word : လွတ်လွတ်လပ်လပ် ၊ လေလေလွင့်လွင့် ၊ လိမ့်လိမ့်လူးလူး ၊ လတ်လျားလတ်လျား
3. A boy's Name : လင်းမြတ်
4. A girl's Name : လွတ်လပ်ငြိမ်းအေး (ငယ်ငယ်တုန်းက ဆုံဖူးတဲ့ သူငယ်ချင်းလေး)
5. An occupation : လယ်သမား
6. A color : လိမ္မော်ရောင်
7. Something you'll wear : လက်စွပ်
8. A food : လမုန့်
9. Something found in the bathroom : လက်ဆေးဆပ်ပြာ
10. A place : လသာဆောင် ၊ လေသာဆောင်
11. A reason for being late : လမ်းမှားနေလို့
12. Something you'd shout : လဲသေလိုက် (း) ဖတ်ရတာ ရိုင်းရင် ခွင့်လွှတ်ကြပါ )
13. A movie title : လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ (ရဲအောင် ၊ မို့မို့မြင့်အောင် ၊ စိုးမြတ်သူဇာ)
14. Something you drink : လိမ္မော်ရည်
15. A musical group : လေးဇီးကလပ်
16. An animal : လိပ်
17. A street name : လသာလမ်း
18. A type of car : လော်ရီကား
19. The title of a song : လွမ်းသူ့အိပ်မက် (ထူးအိမ်သင်)
20. A verb : လွှတ်သည် (ဥပမာ... ငါးလွှတ်သည်)
Categories
tag
Monday, October 5, 2009
လမ်းခွဲ ၊ မျက်ရည် ၊ အလွမ်း

လမ်းခွဲ ၊ မျက်ရည် ၊ အလွမ်း
အတူလျှောက်ခဲ့တဲ့လမ်း
လမ်းခွဲအရောက်
တစ်ယောက် တစ်နေရာ
ခွဲ
ထွက်
ခွာ
လမ်းတစ်ချက်လျှောက်
မျက်ရည်စက် တစ်ပေါက်
သီ
ဝေ
ကြွေ
မျက်ရည်ချောင်း
မျက်ရည်အိုင်
မျက်ရည်လွင်ပြင်
မျက်ရည်ပင်လယ်
ပြန်မဆုံမချင်း မျောဦးမယ် ။
photo source : http://www2.tau.ac.il/InternetFiles/news/UserFiles/image/%D7%A6%D7%97/6a00e398e05cc4000500fae8e2a358000b-500pi.jpg
Categories
poem
Subscribe to:
Posts (Atom)