Friday, February 13, 2009

ပန်းပုရုပ်လေး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 12:29 PM

ပန်းပုရုပ်လေး
----------
ကိုယ့်ရင်ထဲမှာ
မင်းထုဆစ်တဲ့
ပန်းပုရုပ်လေး ရှိနေတယ်

မင်းပေးခဲ့တဲ့ အချစ်တွေ
သူ့ကို အသက်ဝင်စေခဲ့

မင်းပေးခဲ့တဲ့ ကြင်နာခြင်း
ပျော်ရွှင်ခြင်းကို ဖန်ဆင်းခဲ့

မင်းပေးခဲ့တဲ့ အလွမ်းတွေ
သူ လေးနက်တတ်ခဲ့

မင်းပေးခဲ့တဲ့ ဒဏ်ရာတွေ
မျက်ရည်စိုစေခဲ့

အချိန်တွေကြာလာတဲ့အခါ
မင်းပေးတဲ့ ဒဏ်ရာတွေ
လှပတဲ့ အမာရွတ်လေး ဖြစ်ခဲ့တယ်။

photo source : http://images.suite101.com/520893_com_an00497132_001.jpg

3 comments:

လင်းဒီပ said...

ပန်းပုရုပ်ကလေးကို နှလုံးသားပြခန်းမှာထားပြီး... တစ်ယောက်တည်းကိုသာ လာကြည့်ခွင့် ပြုထားကြောင်းလည်း နောက်ဆက်တွဲ သတင်းအဖြစ်သိရှိရပါကြောင်း..:)

khin oo may said...

လှို့ဝှက်.သိလိုက်ရပြီ.။

Anonymous said...

ကဗျာလေးတွေ လန်းတယ်

 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review