(၁) ဘာကိုမှ သိပ်စိတ်မပူပါနဲ့
စိတ်ဖိစီးနေရင် ကိုယ်ရော၊ စိတ်ပါ ကျန်းမာရေး ထိခိုက်ပါတယ်
ကိုယ်တွေးပူနေတဲ့ ကိစ္စရှိခဲ့ရင် အဲဒီကိစ္စ ဘာလို့ဖြစ်တာလဲ ၊ ကိုယ်ဖြေရှင်းနိုင်လား စဉ်းစားပါ
ကိုယ်မတတ်နိုင်တာဆို မတတ်နိုင်ဘူးလို့ ရိုးရိုးလေး လက်ခံလိုက်ရုံပါပဲ
အမှားလုပ်မိရင်လည်း သင်ခန်းစာယူပြီး ရှေ့ ဆက်ပေါ့
ပြီးတော့ နေ့စဉ် ကိုယ်စိတ်ပျော်ရာလေးတွေ လုပ်ဖို့ အချိန်ချန်ထားပါဦး
(၂) ပြုံးပါ
ပြုံးလိုက် ၊ ရယ်လိုက်ရင် တင်းနေတာတွေ လျော့သွားမှာ
ဒီတော့
အကြီးကြီး ပြုံးလိုက် ၊ စိတ်ညစ်စရာတွေကို ဝဲပစ်လိုက်ပေါ့
(၃) အဆိုးထဲက အကောင်းကို ရှာယူပါ
အတိတ်ကို ပြင်မရတော့လို့ စိတ်မညစ်ပါနဲ့ ၊ ပစ္စုပ္ပန်မှာ ပျော်နိုင်ပါတယ်၊ အနာဂတ်မှာ အခြေအနေကောင်းလာဖို့လည်း မျှော်လင့်နိုင်ပါတယ်
အဆိုးတွေတွေ့တဲ့အခါ ကိုယ့်ကို ကြံ့ခိုင်အောင်လုပ်ပေးတာ..လို့သာ မှတ်လိုက်ပါ
(၄) ကိုယ်ပိုင်ဆိုင်ထားတာတွေအတွက် ကျေးဇူးတင် ဝမ်းမြောက်ပါ
ငါ ဒါရအောင် မလုပ်နိုင်ဘူး..၊ ငါ ဆွဲဆောင်မှု မရှိဘူး .. ၊ ... ဆိုပြီး ကိုယ် မတတ်နိုင်တာတွေပဲ တွေးနေရင် ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး
ကိုယ့်ပတ်ဝန်းကျင်ကို သေချာပြန်ကြည့်ပါဦး
ချစ်စရာမိသားစု ၊ သူငယ်ချင်းကောင်း ၊ ပျော်စရာ အလုပ်အကိုင် .. တစ်ခုခုတော့ ရှိမှာပဲ ။
ယုတ်စွအဆုံး မိုးသည်းချိန်မှာ ခိုစရာ အမိုးလေးတစ်ခု ရှိရင်ပဲ ကျေးဇူးတင်စရာကောင်းလှပါပြီ
(၅) ကိုယ်ယုံကြည်တဲ့အတိုင်း ပြုမူပါ
ဝေဖန်ချက်အတော်များများက ဂရုစိုက်စရာမလိုတဲ့ဟာတွေပါ
ဘဝမှာ ကိုယ်ဘာလိုချင်တာလဲ ၊ ဘာဖြစ်ချင်တာလဲ
ဘယ်အရာက ကိုယ့်ကို ပျော်ရွှင်စေတာလဲ
ရိုးရိုးသားသား ရှာဖွေရယူပါ
မကြောက်ပါနဲ့
(၆) ကိုယ့်ကို ပျော်ရွှင်စေမဲ့ ရည်မှန်းချက်တွေ ချမှတ်ပါ
ဆေးလိပ်သောက်တာ ၊ ဒေါသထွက်ပြလိုက်တာ... ဒါမျိုးက ခဏတာ စိတ်ထွက်ပေါက်တွေပါ
အချိန်ယူ ၊ စဉ်းစား ၊ အားထုတ်မှ ရနိုင်တဲ့ ပျော်စရာမျိုးကို ရအောင်လုပ်ပါ
ဒါဆို ကိုယ့်ဘဝ တိုးတက်လာတာနဲ့အမျှ ကျေနပ် ပျော်ရွှင်လာမှာပါ
(ဥပမာ.. လုပ်ငန်းမကျွမ်းကျင်တဲ့ လူတစ်ယောက်ဆိုပါတော့ ၊ သူ အလုပ်ထဲမှာ အဆင်မပြေမှာ သေချာသလောက်ပါ။ ဒါကို တခြားဖျော်ဖြေရေးတွေနဲ့ ခဏမေ့ထားမဲ့အစား လုပ်ငန်းကျွမ်းကျင်အောင် ကြိုးစားဖို့ပါပဲ ။ အချိန်ကြာမယ်၊ သူ့ဘက်က ဇွဲနဲ့ ဆန္ဒနဲ့ ကြိုးစားရမယ် ။ ဒါပေမဲ့ အဲဒီလို ကြိုးစားလို့ လုပ်ငန်းကျွမ်းကျင်လာပြီဆိုရင်တော့ လုပ်ငန်းပိုင်းမှာ အဆင်မပြေမှာ သူစိတ်မပူရတော့ပါဘူး)
reference : http://www.wikihow.com/Be-Happy
picture source : http://www.orkutting.com/smiley/53.JPG
Labels
- poem (26)
- Reading and Sharing (4)
- postcard (4)
- just thoughts (3)
- tag (2)
- childhood (1)
- tale (1)
Thursday, June 4, 2009
Subscribe to:
Post Comments (Atom)
2 comments:
ပျော်ရွှင်ခြင်း လမ်းပြမြေပုံလေး ဖတ်သွားပါတယ်..။
ပျော်ရွှင်ပါစေ ညီမရေ..။
ဒီအချက်တွေအားလုံးက တကယ်ကျင့်သုံးလိုက်နာနိုင်ရင် ပျော်ရွှင်မှုကို အလွယ်တကူရရှိမှာပါ ညီမ။ လူဆိုပြန်တော့လည်း အကုန်လုံးကို လိုက်နာဖို့ရန်ကြတော့လည်း ခက်တယ်ညီမ။ ဘာဘဲဖြစ်ဖြစ် ဒီအချက်တွေဟာ အကျိုးရှိတဲ့ အချက်တွေချည်းပါဘဲ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Post a Comment