Friday, June 5, 2009

ရုံးမှာနေရင်း ဝိတ်ကျအောင်

Posted by လွတ်ငြိမ်းလေပြေ (breeze) at 5:31 PM

(၁) သုံးပြီးသား စက္ကူတွေကို ဆုတ်ပေးပါ
စက္ကူဖြတ်စက် မသုံးရဘူးနော်

(၂) white board ဖျက်ပါ
ကြွက်သားတွေ အလုပ်လုပ်ဖြစ်အောင်ပေါ့

(၃) စာရွက်စာတမ်းတွေ ချုပ်စရာရှိရင် လုပ်အားပေးလိုက်ပါ
လက်ရဲ့ ဆုပ်ကိုင်နိုင်စွမ်း ပိုကောင်းစေပါတယ်တဲ့

(၄) သတိရရင် ရသလို မတ်တပ်ရပ်ပါ
ရုံးကလူတွေတော့ လန့်ကုန်တော့မှာပဲး)
ဒါပေမယ့် ပေါင်တံလေးတွေ ပိုလှလာမယ်တဲ့

(၅) စားပွဲ ရှင်းပါ
အသုံးအဝင်ဆုံး ၊ အချိန်ဖြုန်းဖို့ အကောင်းဆုံးဆိုပဲ
( နောက်နေ့ကျ ရှင်းစရာမရှိမှာ စိုးလို့လား ၊ ဒါဆိုလည်း ပြန်ဖွထားခဲ့ပေါ့ဗျား)

reference : dolce magazine (issue 8 , February 2009)
picture source : http://lordofdesign.com/wp-content/uploads/2008/10/korea12.JPG

2 comments:

လင်းဒီပ said...

မိန်းမဝဝ ယူဖြစ်ရင် သုံးဖို့ ကူးသွားတယ်..။:P

ရွှန်းမီ said...

good idea :)

 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review