Labels
- poem (26)
- Reading and Sharing (4)
- postcard (4)
- just thoughts (3)
- tag (2)
- childhood (1)
- tale (1)
Wednesday, June 10, 2009
ချစ်သူ့ ကမ္ဘာငယ်
ချစ်သူ့ ကမ္ဘာငယ်
-------------------
ငွေသစ်ရွက်လေးတွေမှာ
မင်းအတွက်ကဗျာ ပါတယ်
သန်းခေါင်ယံ လရောင်ကို
အိပ်ဖန်စောင့်ဖို့ မှာခဲ့တယ်
နေခြည်ပေါက်စလေးတွေ
(မနာလိုစွာနဲ့ပဲ)
မင်းကို နမ်းခိုင်းရဦးမယ်
ပျော်ရွှင်ပါစေနော်
ပန်းသီးနီနီတွေ အမြဲချိုနေဖို့
စမ်းချောင်းလေး သာသာယာယာ စီးဖို့
ငှက်ကလေးတွေ ၊ ပန်းကလေးတွေ ၊လိပ်ပြာလေးတွေ ပျော်တော်ဆက်ဖို့
လေညင်းလေး အေးအေးငြိမ်ငြိမ် ဖြတ်သန်းသွားဖို့
မိုးစက်လေးတွေ ၊ နှင်းပွင့်လေးတွေ ညင်ညင်သာသာ ထိတွေ့ဖို့
သစ်ပင်ကြီးတွေ ၊ တိမ်တိုက်တွေ မင်းကို အရိပ်မိုးပေးဖို့
မင်းလျှောက်မယ့်လမ်းမှာ မြက်ကလေးတွေကအစ နူးညံ့နေဖို့
ကိုယ် တောင်းပန်ထားပါတယ်ကွယ် ။
လွတ်ငြိမ်းလေပြေ
photo source :
http://i136.photobucket.com/albums/q176/aleasha21/anime_girl_wallpaper.jpg
Categories
poem
Subscribe to:
Post Comments (Atom)
3 comments:
အဲလို ချစ်သူအတွက်
အစစ အဆင်ပြေမယ့်ကမ္ဘာလေး ဖန်ဆင်းပေးပြီးတဲ့နောက်
အဝေးကနေ ကြည့်နေမယ်ဆိုတဲ့
စိတ်ကူးမျိုးလား...
အတွေးလေးတွေ နူးညံ့နေလိုက်တာ..။
ဒီကဗျာလေးကတော့ ထိတယ်ညီမရေ။
ဆက်ချီတက်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အဲလိုမျိုး ချစ်တတ်ချင်လိုက်တာ...
အဲလိုမျိုး မချစ်တတ်တော့ တော်တော် ခံစားရတယ်...
အမှန်က အနားမှာပဲ နေချင်၊ နေစေချင်တာ...
မဖြစ်သာတဲ့ အဆုံးမှာတော့ အဝေးကနေပဲ ကြည့်နေရတယ်...
Post a Comment