Saturday, September 21, 2019

ဟိုး အဝေးမှာ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 1:47 PM 0 comments
ဟိုး အဝေးမှာ
--------------------




ကဗျာ မရေးဖြစ်ဘူး။ ဟိုး အဝေးမှာ တဖြေးဖြေးနဲ့  ဆိုတဲ့ အစကြောင်းလေး ရှိနေတာတော့ ကြာပါပြီ။ မတွေ့တာ ကြာလှပြီနော်။ blog friends အားလုံး ဘဝမှာ အဆင်ပြေ ကြမယ် လို့  မျှော်လင့်နေ ဆုတောင်းနေပါတယ်

Monday, June 6, 2011

လွမ်းလို့

Posted by လွတ်ငြိမ်းလေပြေ (breeze) at 11:06 PM 3 comments

လွမ်းလို့
----------
စပယ်ဖူးဖူး
ပန်းခူးသီသီ
မွှေးရီချိုမြ
ပန်းကုံးလှကို
ဘုရားရှင်ထံ
ကပ်လှူပြန်လည်း
တစ်ခုတည်းသာ
တောင်းဆုဖြာခဲ့
အရိပ်မျှလျှင်
မြင်ချင်သည်လေ...



photo source: http://lasvegasrestaurantblog.com/wp-content/uploads/2010/05/JasmineFlower.jpg



စိတ်ကူးယဉ်ပြီး ရေးထားတာပါ

အဟုတ် မထင်ကြပါနဲ့ း)

"စပယ်ဖူးဖူး

ပန်းခူးသီသီ" ဆိုတဲ့ အစလေး ရတာနဲ့ အရှေ့ ဆက်လိုက်တာ း)

Monday, April 4, 2011

စောင့်ခဲ့ဖူးတယ်

Posted by လွတ်ငြိမ်းလေပြေ (breeze) at 10:40 PM 3 comments
စောင့်ခဲ့ဖူးတယ်
==========

မြေထဲမှာအနေကြာတဲ့ သစ်စေ့လေးဟာ
ဘယ်တော့များ ရွက်ဦးဝေမလဲလို့
စောင့်ခဲ့ဖူးတယ်

ပွင့်ရွက်တွေကြားက ပန်းဖူးလေးဟာ
ဘာအသွေးအရောင် ရှိမလဲလို့
စောင့်ခဲ့ဖူးတယ်

လိပ်ပြာငယ်လို အဝေးကို ပျံသန်းပြီး တစ်နှစ်အကြာ
အနက်ရောင်ကျူးလစ်ပန်းတွေ ပွင့်လာတဲ့အကြောင်း
ကျွန်မကို မပြောကြပါနဲ့


photo from http://itotd.com/articles/634/tulipomania/

Thursday, November 25, 2010

လွမ်းနေဆဲ မိန်းကလေး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 11:19 PM 2 comments


လွမ်းနေဆဲ မိန်းကလေး
----------------------

အလွမ်းရာသီ
.........လွမ်းတာရှည်
ဘယ်ဆီမျှော်ဆ လွမ်းပါရ
မယ်သည် သောက ဝေဆဲပ

အလွမ်းရာသီ
.........လွမ်းပါသည်
ဝေရီမိုးည ပျယ်တော့မလား


*************************************************

ကဗျာ မရေးနိုင်တော့ဘူး ထင်နေတာ ၊ မမျှော်လင့်ဘဲ အစလေး တစ်ကြောင်း နှစ်ကြောင်း ခေါင်းထဲရောက်လာတာနဲ့း)

ပုံကို http://www.slowtrav.com ကနေ ယူထားပါတယ်

Tuesday, March 2, 2010

မင်းနဲ့တူတူ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 9:42 PM 5 comments
မင်းနဲ့တူတူ
------------
မင်းနဲ့တူတူ
လုပ်ချင်တဲ့ ကိစ္စတွေ ရှိတယ်
ညစာအတူစားတာမျိုး...
ကမ်းခြေအတူသွားတာမျိုး...

မင်းနဲ့တူတူ
မျှယူချင်တဲ့ အရာတွေ ရှိတယ်
ပျော်ရွှင်ခြင်း ၊ မျှော်လင့်ခြင်း
အင်း... ဝမ်းနည်းခြင်း ရောပဲပေါ့


မနက်ခင်းမှာ အတူနိုးထချင်တယ်
အတူ လက်တွဲထားမယ်
အတူ အိုမင်းချင်တယ်
သေမင်းက ငါတို့ဝိဥာဉ်ကို နှုတ်မယူခင် အထိပေါ့ ။

လွတ်ငြိမ်းလေပြေ

Tuesday, February 2, 2010

Posted by လွတ်ငြိမ်းလေပြေ (breeze) at 12:21 PM 4 comments


photo source : ပုံထဲက web site address က အရမ်းသေးနေတော့ ဖတ်လို့မရဘူး၊
www.akholbrook.com လို့ထင်ပါတယ်

Sunday, December 20, 2009

စိတ်ကူးး)

Posted by လွတ်ငြိမ်းလေပြေ (breeze) at 10:09 PM 8 comments

လူစည်ကားရာလမ်းမကြီးတစ်လျှောက် မိန်းကလေးတစ်ယောက် လမ်းလျှောက်လာသည်
လက်ထဲက လိပ်စာကဒ်လေးကို ကိုင်ကာ နေရာတစ်ခုကို ရှာနေသလို
ခဏအကြာမှာ Sweet Memories လို့ အမည်တပ်ထားသည့် စားသောက်ဆိုင်လေးကို တွေ့တော့ သူပြုံးသွားသည် ၊ တွေ့ပြီ

*************************************************************************************************************************************

တံခါးလက်ကိုင်ကို တွန်းဖွင့်ဝင်လိုက်စဉ်မှာပင် ရင်းနှီးလွန်းသော ရနံ့တစ်ခုကို ရသည်
ဆိုင်ထဲကို မျက်လုံးအဝေ့....
အို ... ခေး အကြိုက်ဆုံး စံပယ်တွေ
ပြီးတော့ အပြုံးနဲ့ကြိုနေတဲ့ မောင်

ဆိုင်ထောင့်က တစ်လုံးတည်းသော စားပွဲလေးမှာ ထိုင်မိသည်ထိ ခေး အံ့သြမှုမပြေသေးပါ
ဆိုင်ထဲမှာ ဖွင့်ထားတာက ခေးတို့နှစ်ယောက်တူတူကြိုက်တဲ့ Boy Zone ရဲ့ When you say nothing at all သီချင်း
ဘေးက အလှပစ္စည်းတင် စင်လေးပေါ်မှာ မောင်နဲ့ခေးတို့ရဲ့ အမှတ်တရ ဓါတ်ပုံလေးတွေ

"မောင်က စိတ်ကူးကောင်းလိုက်တာ၊ ဒီလိုအပြင်အဆင်မျိုး မမြင်ဖူးသေးဘူး"
"ဒီဆိုင်က ကြိုပြီးငှားရတယ် ခေးရဲ့ ၊ သူတို့က ကိုယ့်အကြိုက်လေးတွေ မေးပြီး သေချာပြင်ဆင်ပေးတယ် ၊ ပြီးတော့ တစ်ချိန်မှာ customer တစ်ယောက်ပဲ လက်ခံတယ်လေ"
"ခေး ဆာပြီလား ၊ စားစရာတွေ လာချပေးဖို့ ပြောလိုက်တော့မယ် ၊ မောင်တို့အကြိုက် နန်းကြီးသုတ် မှာထားတယ် ၊ ပြီးတော့ ဘလက်ကော်ဖီ"

စားစရာတွေ လာချပေးတော့ ကျောင်းသားဘဝကို သတိရမိသည်
အဲဒီတုန်းက မောင်ကလည်း စားသောက်တိုင်း ပိုက်ဆံရှင်းချင် ၊ ခေးကလည်း မောင်ပိုက်ဆံကုန်မှာစိုးရိမ်နဲ့ ဘလက်ကော်ဖီတွေသာ သောက်ခဲ့ကြတာ တကယ့် အမှတ်တရ

''ဒီလို သေချာပြင်ဆင်ခိုင်းဖို့ဆို ဈေးတော့ နည်းနည်းကြီးမှာပေါ့နော် မောင်"
ခေးက တိုးတိုးမေးတော့ မောင်က "ကိုယ်တို့ဘဝရဲ့ အရေးကြီးတဲ့ နေ့အတွက် ဒီလောက်တော့ အကုန်ခံရမှာပေါ့" တဲ့
မောင်ကမ်းလာတဲ့ မင်္ဂလာလက်စွပ်လေးကို တွေ့လိုက်ရချိန်မှာတော့ ခေး အရာအားလုံးကို မေ့လောက်အောင် ပျော်ရွှင်သွားခဲ့ပါသည်

*************************************************************************************************************************************

ဒေါ်လေပြေတစ်ယောက် ဆိုင်အတွက် လိုအပ်သည်များကို တစ်မနက်လုံး ရှာဖွေ ဝယ်နေရသဖြင့် ဒီနေ့ ဆိုင်အရောက် နောက်ကျနေသည်။ သူက ဆိုင်ထဲသို့အဝင် ၊ ဆိုင်မှာ လာစားဟန်တူသည့်စုံတွဲလေးက ဆိုင်ထဲကအထွက် ကောင်မလေးပြောသွားသည့်စကားကြောင့် ပြုံးမိရသေးသည်။
"ဆိုင်ရှင်က သိပ်ချစ်တတ်မှာပဲနော် ၊ သူ့ချစ်သူတော့ သူလုပ်ပေးတဲ့ အမှတ်တရလေးတွေကြောင့် သိပ်ပျော်မှာပဲ"

ပျော်တတ်မှ ၊ ဝါသနာတူမှ ၊ အသက်မွေးဝမ်းကျောင်းမှုလည်း တူမှ ၊ တူရင်တောင် သူ့ထက် အများကြီးပိုတော်မှ ၊ အလုပ်ကြိုးစားလွန်းမှ၊ သူ့ကို တစ်သက်လုံး သစ္စာရှိမှ ၊ သူ့အပေါ် တောင်းဆိုမှုတွေ သိပ်မများမှ ၊ တကိုယ်ကောင်းမဆန်မှ ၊ သူ့ကို အရမ်းချစ်မှ ၊ သူ့ထက် အသက် မငယ်မှ ၊ လူကြီးတစ်ယောက်လို စိတ်ထား ရင့်ကျက်မှ ... စသည့် စသည့် စံများကြောင့် ဆိုင်ရှင်ခမျာ ခုထိ အပျိုကြီးဖြစ်နေကြောင်း ကောင်မလေး မသိရှာပေ ။

..........................................။............................................................................။....................................................

အစ်မဝါရဲ့ tag လေးကို စိတ်ကူးယဉ်ပြီး ရေးလိုက်ပါတယ်၊ သတိတရ tag တာ ကျေးဇူးပါ အစ်မဝါး)

photo source : http://media.photobucket.com/image/coffee%20love/Cyberpiba/Good%20Morning/Coffee%20Art/CoffeeLove2.jpg

Sunday, December 6, 2009

လမ်းမများအကြောင်း

Posted by လွတ်ငြိမ်းလေပြေ (breeze) at 2:33 PM 1 comments


လမ်းမများ ခေါ်ဆောင်ရာသို့ လိုက်ပါဖူးပါသလား
ချစ်သူရှိရာသို့ ပေါက်ရောက်သော လမ်းများ၊ ချမ်းသာကြွယ်ဝမှုသို့ သွားရာလမ်းများ ၊ အဆုံးမဲ့ ငြိမ်းချမ်းမှုသို့ ဆိုက်ရောက်ရာ လမ်းများ ၊ ... ...၊ ... ... ၊

အချို့လမ်းများမှာ အလှအပပြင်ပြီး သင်လျှောက်လာရန် ဆွဲဆောင်နေကြလိမ့်မည် ၊
အချို့လမ်းများမှာ မမြင်ရသော ထောင်ချောက်များ ၊
အချို့လမ်းများမှာ ပြောင်ပြောင်တင်းတင်း အတားအဆီးများ

အချို့လမ်းများမှာ ကျယ်သည် ၊ လွယ်သည် ၊ သို့သော် ငရဲသို့ သွားရာလမ်းများ
အချို့လမ်းများက စာပေကျမ်းဂန်တွေထဲကလို တစ်ယောက်သွားသာရုံ
အချို့က လူအများ လျှောက်သောလမ်း

အချို့လမ်းများက အဆင်သင့် ဖောက်ပြီးသား ၊ သင်လျှောက်သွားဖို့သာ လိုသည်
အချို့ကျတော့ သင်ကိုယ်တိုင် ထွင်ရမည့်လမ်း ၊

သင် လျှောက်နေသည်က တစ်လမ်း ၊ သင်လျှောက်ချင်သည်က တစ်လမ်းဆို သင် ဘယ်လိုလုပ်မလဲ
လျှောက်ချင်သည့်လမ်းကို သင်ကိုယ်တိုင် ဖောက်ရမည် ဆိုလျှင်ရော


- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ချစ်သူရှိရာကို သွားဖို့ သတ္တိတွေ ခွန်အားတွေ ခံနိုင်ရည်တွေ ကျွန်မမှာ ရှိခဲ့ရင် ဘယ်လောက်ကောင်းမလဲ

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အခုတော့ သူက လမ်းအသစ်ကို လျှောက်တော့မည်

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ကမ္ဘာကြီးက လုံးနေသည် ဆိုသော်လည်း ၊ ကျွန်မက စောင့်နေမည်ဆိုလျှင်လည်း ၊ အတူလျှောက်ခဲ့သည့်လမ်းကို သူပြန်လာချင်မှ လာပေလိမ့်မည်

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

Sunday, November 1, 2009

ဆန္ဒ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 2:25 PM 2 comments















































photo source
1:http://www2.tau.ac.il/InternetFiles/news/UserFiles/image/%D7%A6%D7%97/6a00e398e05cc4000500fae8e2a358000b-500pi.jpg
2:http://www.theplatelady.com/figurines5/6719-mirror.jpg

Tuesday, October 27, 2009

အက္ခရာများနဲ့ ခဏတာ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 8:19 PM 3 comments
ညီမလေး ရွှန်းမီ tag ထားတာပါ
သတိတရ tag တာ ကျေးဇူးပါ ညီမလေး

1. What is your name : လွတ်ငြိမ်းလေပြေ
2. A four Letter Word : လွတ်လွတ်လပ်လပ် ၊ လေလေလွင့်လွင့် ၊ လိမ့်လိမ့်လူးလူး ၊ လတ်လျားလတ်လျား
3. A boy's Name : လင်းမြတ်
4. A girl's Name : လွတ်လပ်ငြိမ်းအေး (ငယ်ငယ်တုန်းက ဆုံဖူးတဲ့ သူငယ်ချင်းလေး)

5. An occupation : လယ်သမား
6. A color : လိမ္မော်ရောင်
7. Something you'll wear : လက်စွပ်
8. A food : လမုန့်

9. Something found in the bathroom : လက်ဆေးဆပ်ပြာ
10. A place : လသာဆောင် ၊ လေသာဆောင်
11. A reason for being late : လမ်းမှားနေလို့
12. Something you'd shout : လဲသေလိုက် (း) ဖတ်ရတာ ရိုင်းရင် ခွင့်လွှတ်ကြပါ )

13. A movie title : လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ (ရဲအောင် ၊ မို့မို့မြင့်အောင် ၊ စိုးမြတ်သူဇာ)
14. Something you drink : လိမ္မော်ရည်
15. A musical group : လေးဇီးကလပ်
16. An animal : လိပ်

17. A street name : လသာလမ်း
18. A type of car : လော်ရီကား
19. The title of a song : လွမ်းသူ့အိပ်မက် (ထူးအိမ်သင်)
20. A verb : လွှတ်သည် (ဥပမာ... ငါးလွှတ်သည်)

Monday, October 5, 2009

လမ်းခွဲ ၊ မျက်ရည် ၊ အလွမ်း

Posted by လွတ်ငြိမ်းလေပြေ (breeze) at 2:43 PM 2 comments

လမ်းခွဲ ၊ မျက်ရည် ၊ အလွမ်း

အတူလျှောက်ခဲ့တဲ့လမ်း
လမ်းခွဲအရောက်
တစ်ယောက် တစ်နေရာ
ခွဲ
ထွက်
ခွာ

လမ်းတစ်ချက်လျှောက်
မျက်ရည်စက် တစ်ပေါက်
သီ
ဝေ
ကြွေ

မျက်ရည်ချောင်း
မျက်ရည်အိုင်
မျက်ရည်လွင်ပြင်
မျက်ရည်ပင်လယ်
ပြန်မဆုံမချင်း မျောဦးမယ် ။

photo source : http://www2.tau.ac.il/InternetFiles/news/UserFiles/image/%D7%A6%D7%97/6a00e398e05cc4000500fae8e2a358000b-500pi.jpg

Wednesday, September 2, 2009

ချစ်သူသို့

Posted by လွတ်ငြိမ်းလေပြေ (breeze) at 6:50 PM 3 comments



ပိတောက်ဖူးပုံကို ကိုခွန်မောင် ဘလော့က ရပါတယ် ၊ သူက မြန်မာသင်္ကြန် ဘလော့က ယူတယ်လို့ ဆိုပါတယ်ရှင်
ဒီနေရာကနေပဲ သုံးခွင့်တောင်းပါရစေနော် ၊ ကျေးဇူးတင်ပါတယ်

Monday, July 27, 2009

နွယ်ကလေး

Posted by လွတ်ငြိမ်းလေပြေ (breeze) at 12:03 AM 1 comments


photo source : http://designermill.com/wp-content/uploads/2008/06/blue-vine.gif

Monday, July 13, 2009

ပျော်ရွှင်ခြင်းသို့ ခြေလှမ်းများ (၂)

Posted by လွတ်ငြိမ်းလေပြေ (breeze) at 10:35 PM 1 comments


(၇) ကိုယ်စိတ်ပျော်စေမယ့် အတွေးတွေ

စိတ်ဆင်းရဲစေတဲ့ အတွေးတွေကို လက်ခံထားရင် စိုးရိမ်ပူပန်မှုနဲ့ ဒေါသတွေ ထပ်ပြီး ခံစားရလိမ့်မယ်
တစ်ခုခုပေါ်မှာ အာရုံစိုက်ထားရင် စိတ်သက်သာရာ ရပါတယ်
ဥပမာ ပန်းချီဆွဲတာ ၊ ပျော်ခဲ့ရတာတွေကို ပြန်စဉ်းစားကြည့်တာ ၊ ကိုယ်ကြိုက်တာလေးတွေလုပ်ဖို့ စိတ်ကူးယဉ်တာ...

(၈) အဆင်ပြေတဲ့ ဆက်ဆံရေး

* ချစ်သူရှာဆဲ အဆင့်ဆိုရင် ကိုယ်နဲ့ အကြိုက်တူတဲ့သူကို ရှာပါ ၊ ချစ်သူရှိတယ်ဆိုရင်လည်း အဆင်ပြေတဲ့ ဆက်ဆံရေးကို တည်မြဲအောင် ကြိုးစားပါ
* ကိုယ့်အနားမှာ ကိုယ့်ကို ဂရုစိုက်တဲ့ ၊ အားပေးကူညီတတ်တဲ့ ၊ ကိုယ်မှားနေရင် ထောက်ပြတတ်တဲ့ သူငယ်ချင်းတွေ ရှိပါစေ
* ချစ်သူ ခင်သူတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့ ၊ သူတို့ကို တန်ဖိုးထားပါ ၊ ပျော်စရာ ဝမ်းနည်းစရာတွေကို ဝေမျှခံစားပါ ၊
* ကိုယ်လုပ်ချင်တာတွေ ၊ လုပ်သင့်တာတွေကို အကန့်လေးတွေခွဲပြီး မျှမျှတတ လုပ်ဆောင်ပါ
ဥပမာ အလုပ်၊ မိသားစု ၊ လူမှုရေး ၊ ဝါသနာ ၊ ဘာသာရေး ....
ဒါမှ ကိုယ့်ဘဝမှာ တစ်ခုခု ဆုံးရှုံးရရင်တောင် ကျန်တာတွေကြောင့် ခံနိုင်ရည်ရှိပြီး ကောင်းကောင်းမွန်မွန် ရှေ့ ဆက်နိုင်မှာပါ

(၉) ပျော်ရွှင်ပါစေ

ကိုယ်ပိုင်ဆိုင်တာတွေကို သူတပါးကို မျှဝေပေးတဲ့သူဟာ အပျော်ရွှင်ဆုံးလူပါ
ကိုယ်ချစ်တဲ့သူ မျက်နှာမှာ အပြုံးကို မြင်ရတဲ့ နေ့ဟာ ကိုယ့်အတွက် အပျော်ဆုံးနေ့ပါ
ကိုယ့်မှာ ပိုင်ဆိုင်မှုဘယ်လောက်ရှိသလဲ ဆိုတာ ကိုယ်ဘယ်လောက် မျှဝေနိုင်သလဲဆိုတာ ပေါ်မှာ မူတည်ပါတယ်

(၁၀) က ပါ ၊ ဆိုပါ ၊ ရယ်ပါ

အဲဒါတွေ မလုပ်ချင်ရင်တောင် ရယ်စရာကောင်းတဲ့ သီချင်း ၊ ရုပ်ရှင် ၊ စာအုပ် တွေကို ကြည့်ရှု နားထောင်ပါ

(၁၁) ခွင့်လွှတ်ပါ ၊ မေ့လိုက်ပါ

သူတပါးကို ခွင့်လွှတ်လိုက်ရင် ကိုယ်လည်း စိတ်လက် ပေါ့ပါးသွားပါတယ် ၊ အမှားကို သိလို့ တောင်းပန်လာရင် လက်ခံလိုက်ပါ
ကိုယ့်ကိုယ်ကို လည်း ခွင့်လွှတ်တတ်ပါစေ ၊ ဘယ်သူမှ အမှားမကင်းကြဘူး မဟုတ်လား ၊ အမှားထဲက သင်ခန်းစာယူပြီး ရှေ့ ဆက်ပါ

(၁၂) လက်တွဲဖော်တစ်ယောက် ရှိပါစေ

ချစ်သူနဲ့ အတူရှိနေရတဲ့ ဘဝဟာ ကျေနပ်ပျော်ရွှင်စရာပါပဲး)

reference : http://www.wikihow.com/Be-Happy
photo source : http://aldermania.com/interactive/data/Programs/20080916/home_buying/images/smileys.jpg

Wednesday, June 24, 2009

Postcard

Posted by လွတ်ငြိမ်းလေပြေ (breeze) at 6:42 PM 2 comments


photo source : http://zepaltaswines.com/files/imagecache/photo-page/files/beach-man.jpg

Wednesday, June 10, 2009

ချစ်သူ့ ကမ္ဘာငယ်

Posted by လွတ်ငြိမ်းလေပြေ (breeze) at 6:42 PM 3 comments


ချစ်သူ့ ကမ္ဘာငယ်
-------------------
ငွေသစ်ရွက်လေးတွေမှာ
မင်းအတွက်ကဗျာ ပါတယ်

သန်းခေါင်ယံ လရောင်ကို
အိပ်ဖန်စောင့်ဖို့ မှာခဲ့တယ်

နေခြည်ပေါက်စလေးတွေ
(မနာလိုစွာနဲ့ပဲ)
မင်းကို နမ်းခိုင်းရဦးမယ်

ပျော်ရွှင်ပါစေနော်

ပန်းသီးနီနီတွေ အမြဲချိုနေဖို့
စမ်းချောင်းလေး သာသာယာယာ စီးဖို့
ငှက်ကလေးတွေ ၊ ပန်းကလေးတွေ ၊လိပ်ပြာလေးတွေ ပျော်တော်ဆက်ဖို့
လေညင်းလေး အေးအေးငြိမ်ငြိမ် ဖြတ်သန်းသွားဖို့
မိုးစက်လေးတွေ ၊ နှင်းပွင့်လေးတွေ ညင်ညင်သာသာ ထိတွေ့ဖို့
သစ်ပင်ကြီးတွေ ၊ တိမ်တိုက်တွေ မင်းကို အရိပ်မိုးပေးဖို့
မင်းလျှောက်မယ့်လမ်းမှာ မြက်ကလေးတွေကအစ နူးညံ့နေဖို့

ကိုယ် တောင်းပန်ထားပါတယ်ကွယ် ။

လွတ်ငြိမ်းလေပြေ

photo source :
http://i136.photobucket.com/albums/q176/aleasha21/anime_girl_wallpaper.jpg

Friday, June 5, 2009

ရုံးမှာနေရင်း ဝိတ်ကျအောင်

Posted by လွတ်ငြိမ်းလေပြေ (breeze) at 5:31 PM 2 comments

(၁) သုံးပြီးသား စက္ကူတွေကို ဆုတ်ပေးပါ
စက္ကူဖြတ်စက် မသုံးရဘူးနော်

(၂) white board ဖျက်ပါ
ကြွက်သားတွေ အလုပ်လုပ်ဖြစ်အောင်ပေါ့

(၃) စာရွက်စာတမ်းတွေ ချုပ်စရာရှိရင် လုပ်အားပေးလိုက်ပါ
လက်ရဲ့ ဆုပ်ကိုင်နိုင်စွမ်း ပိုကောင်းစေပါတယ်တဲ့

(၄) သတိရရင် ရသလို မတ်တပ်ရပ်ပါ
ရုံးကလူတွေတော့ လန့်ကုန်တော့မှာပဲး)
ဒါပေမယ့် ပေါင်တံလေးတွေ ပိုလှလာမယ်တဲ့

(၅) စားပွဲ ရှင်းပါ
အသုံးအဝင်ဆုံး ၊ အချိန်ဖြုန်းဖို့ အကောင်းဆုံးဆိုပဲ
( နောက်နေ့ကျ ရှင်းစရာမရှိမှာ စိုးလို့လား ၊ ဒါဆိုလည်း ပြန်ဖွထားခဲ့ပေါ့ဗျား)

reference : dolce magazine (issue 8 , February 2009)
picture source : http://lordofdesign.com/wp-content/uploads/2008/10/korea12.JPG

မေမေ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 3:32 PM 0 comments

Thursday, June 4, 2009

ပျော်ရွှင်ခြင်းသို့ ခြေလှမ်းများ (၁)

Posted by လွတ်ငြိမ်းလေပြေ (breeze) at 4:05 PM 2 comments
(၁) ဘာကိုမှ သိပ်စိတ်မပူပါနဲ့

စိတ်ဖိစီးနေရင် ကိုယ်ရော၊ စိတ်ပါ ကျန်းမာရေး ထိခိုက်ပါတယ်
ကိုယ်တွေးပူနေတဲ့ ကိစ္စရှိခဲ့ရင် အဲဒီကိစ္စ ဘာလို့ဖြစ်တာလဲ ၊ ကိုယ်ဖြေရှင်းနိုင်လား စဉ်းစားပါ
ကိုယ်မတတ်နိုင်တာဆို မတတ်နိုင်ဘူးလို့ ရိုးရိုးလေး လက်ခံလိုက်ရုံပါပဲ
အမှားလုပ်မိရင်လည်း သင်ခန်းစာယူပြီး ရှေ့ ဆက်ပေါ့
ပြီးတော့ နေ့စဉ် ကိုယ်စိတ်ပျော်ရာလေးတွေ လုပ်ဖို့ အချိန်ချန်ထားပါဦး

(၂) ပြုံးပါ

ပြုံးလိုက် ၊ ရယ်လိုက်ရင် တင်းနေတာတွေ လျော့သွားမှာ
ဒီတော့

အကြီးကြီး ပြုံးလိုက် ၊ စိတ်ညစ်စရာတွေကို ဝဲပစ်လိုက်ပေါ့

(၃) အဆိုးထဲက အကောင်းကို ရှာယူပါ

အတိတ်ကို ပြင်မရတော့လို့ စိတ်မညစ်ပါနဲ့ ၊ ပစ္စုပ္ပန်မှာ ပျော်နိုင်ပါတယ်၊ အနာဂတ်မှာ အခြေအနေကောင်းလာဖို့လည်း မျှော်လင့်နိုင်ပါတယ်
အဆိုးတွေတွေ့တဲ့အခါ ကိုယ့်ကို ကြံ့ခိုင်အောင်လုပ်ပေးတာ..လို့သာ မှတ်လိုက်ပါ

(၄) ကိုယ်ပိုင်ဆိုင်ထားတာတွေအတွက် ကျေးဇူးတင် ဝမ်းမြောက်ပါ

ငါ ဒါရအောင် မလုပ်နိုင်ဘူး..၊ ငါ ဆွဲဆောင်မှု မရှိဘူး .. ၊ ... ဆိုပြီး ကိုယ် မတတ်နိုင်တာတွေပဲ တွေးနေရင် ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး
ကိုယ့်ပတ်ဝန်းကျင်ကို သေချာပြန်ကြည့်ပါဦး
ချစ်စရာမိသားစု ၊ သူငယ်ချင်းကောင်း ၊ ပျော်စရာ အလုပ်အကိုင် .. တစ်ခုခုတော့ ရှိမှာပဲ ။
ယုတ်စွအဆုံး မိုးသည်းချိန်မှာ ခိုစရာ အမိုးလေးတစ်ခု ရှိရင်ပဲ ကျေးဇူးတင်စရာကောင်းလှပါပြီ

(၅) ကိုယ်ယုံကြည်တဲ့အတိုင်း ပြုမူပါ

ဝေဖန်ချက်အတော်များများက ဂရုစိုက်စရာမလိုတဲ့ဟာတွေပါ
ဘဝမှာ ကိုယ်ဘာလိုချင်တာလဲ ၊ ဘာဖြစ်ချင်တာလဲ
ဘယ်အရာက ကိုယ့်ကို ပျော်ရွှင်စေတာလဲ
ရိုးရိုးသားသား ရှာဖွေရယူပါ
မကြောက်ပါနဲ့

(၆) ကိုယ့်ကို ပျော်ရွှင်စေမဲ့ ရည်မှန်းချက်တွေ ချမှတ်ပါ

ဆေးလိပ်သောက်တာ ၊ ဒေါသထွက်ပြလိုက်တာ... ဒါမျိုးက ခဏတာ စိတ်ထွက်ပေါက်တွေပါ
အချိန်ယူ ၊ စဉ်းစား ၊ အားထုတ်မှ ရနိုင်တဲ့ ပျော်စရာမျိုးကို ရအောင်လုပ်ပါ
ဒါဆို ကိုယ့်ဘဝ တိုးတက်လာတာနဲ့အမျှ ကျေနပ် ပျော်ရွှင်လာမှာပါ
(ဥပမာ.. လုပ်ငန်းမကျွမ်းကျင်တဲ့ လူတစ်ယောက်ဆိုပါတော့ ၊ သူ အလုပ်ထဲမှာ အဆင်မပြေမှာ သေချာသလောက်ပါ။ ဒါကို တခြားဖျော်ဖြေရေးတွေနဲ့ ခဏမေ့ထားမဲ့အစား လုပ်ငန်းကျွမ်းကျင်အောင် ကြိုးစားဖို့ပါပဲ ။ အချိန်ကြာမယ်၊ သူ့ဘက်က ဇွဲနဲ့ ဆန္ဒနဲ့ ကြိုးစားရမယ် ။ ဒါပေမဲ့ အဲဒီလို ကြိုးစားလို့ လုပ်ငန်းကျွမ်းကျင်လာပြီဆိုရင်တော့ လုပ်ငန်းပိုင်းမှာ အဆင်မပြေမှာ သူစိတ်မပူရတော့ပါဘူး)

reference : http://www.wikihow.com/Be-Happy
picture source : http://www.orkutting.com/smiley/53.JPG

Friday, May 29, 2009

ဘယ်လို အခြေအနေမျိုးမှာ ကျွန်မတို့ ပျော်ရွှင်နိုင်မလဲ

Posted by လွတ်ငြိမ်းလေပြေ (breeze) at 3:47 PM 3 comments
ပျော်ရွှင်မှု ဆိုတာ ကျွန်မတို့အားလုံး တောင့်တတဲ့ အရာပါ
ဒါပေမယ့် ဘယ်လို အခြေအနေမျိုးမှာ ကျွန်မတို့ ပျော်ရွှင်နိုင်မလဲ
ပိုက်ဆံတွေ အများကြီး ရှိတာ ၊ နိုင်ငံကျော် အနုပညာရှင် ဖြစ်တာ ၊ ဆိုတာတွေနဲ့ မဆိုင်ပါဘူး
အပေါ်ယံတွေ ၊ ဟန်ဆောင်တာတွေ ကို ဖယ်ကြည့်ရင် ပျော်ရွှင်မှု ဆိုတာ သက်တောင့်သက်သာရှိတာ၊ ကိုယ့်မှာ ရှိတာနဲ့ ကျေနပ်နိုင်တာ လို့ ပြောနိုင်ပါတယ်
ဒါဆို ပျော်ရွှင်မှုရအောင် ဘယ်လိုလုပ်ရမလဲ
အဖြေဟာ ကျွန်မတို့ ထင်သလောက်တော့ မခက်ခဲ ၊ မရှုပ်ထွေး ပါဘူးတဲ့

ဘယ်သူမှတော့ တစ်ချိန်လုံး ပျော်နေတယ် ဆိုတာ မဖြစ်နိုင်ပါဘူး ၊
ဒါပေမယ့် တစ်ချို့ သောသူများဟာ ပစ္စည်းဥစ္စာတွေ ၊ အောင်မြင်မှုကြီးတွေ မရှိပေမယ့် တခြားလူတွေထက် ကျေနပ်ပျော်ရွှင်နေတာ တွေ့ နိုင်ပါတယ်
ကိုယ့်အနီးအနားမှာ အဲဒီလူမျိုးတွေ ရှာကြည့်ပါဦး
အိမ်နားက ကျောင်းသားလေးလည်း ဖြစ်နိုင်တယ် ၊ ခွေးလေးနဲ့ လမ်းလျှောက်ထွက်လာသူလည်း ဖြစ်နိုင်ပါတယ်
သူတို့ ဘာကြောင့် ပျော်ရွှင်နိုင်ကြပါလိမ့်
ဒီမေးခွန်းကို အဖြေရှာရုံတင် မက၊ အဖြေသိလာရင် ကိုယ့်ဘဝကိုလည်း အဲဒီလို ပျော်ရွှင်အောင် ထားဖို့လိုပါတယ်

ငယ်ငယ်ကတည်းက ကျွန်မ မှတ်မိနေတဲ့ နည်းလေးတွေရှိပါတယ်
(၁) တစ်ချို့ အရာတွေကို ပေးပစ်လိုက်ဖို့ပါ
အောင်မြင်ရေး မဂ္ဂဇင်း တစ်အုပ်ထဲမှာ ဖတ်ခဲ့ရတာပါ
နို့ပို့သမားတစ်ယောက်ဟာ ဖောက်သည်တစ်ဦး အခက်အခဲ ဖြစ်နေလို့ နွားနို့ဖိုး အကြွေး ပေးခဲ့ပါတယ်
အဲဒီ အမျိုးသမီးက ဆက်သွယ်လို့ရမယ့် လိပ်စာ မချန်ဘဲ အိမ်ပြောင်းသွားတဲ့ အခါမှာတော့ သူစိတ်ဆိုးရပါပြီ
ဒေါ်လာ ၇၀ ဆိုတာ နည်းလှတဲ့ ပမာဏ တော့ မဟုတ်ဘူး မဟုတ်လား
နောက်တော့ ခင်မင်တဲ့ အခြားဖောက်သည်တစ်ယောက်က အကြံပေးပါတယ်
အဲဒီ နွားနို့ဖိုးကို ခရစ်စမတ်လက်ဆောင် အဖြစ် ပေးပစ်လိုက်ဖို့ပါ
အစပိုင်းကတော့ သူဘယ်လုပ်နိုင်မလဲ
ဒါပေမယ့် နောက်တော့ သူပေးပစ်လိုက်နိုင်တယ်
သူပို့တဲ့ နွားနို့တွေကို အဲဒီအိမ်က ကလေးတွေ ကောင်းကောင်း သောက်ခဲ့ရမယ် ဆိုတာတွေးပြီး သူပျော်ရွှင်နိုင်ခဲ့တယ်
သူ့စိတ် လွတ်လပ်သွားခဲ့တယ်
(လအနည်းငယ် အကြာမှာ အိမ်ပြောင်းသွားတဲ့ အမျိုးသမီးနဲ့ နွားနို့ပို့သမားတို့ ပြန်ဆုံကြပါသေးတယ် ၊ အမျိုးသမီးက
အိမ်ပြောင်းဖို့ အလုပ်ရှုပ်တာနဲ့ လိပ်စာပေးဖို့ မေ့ခဲ့တာကို တောင်းပန်ပြီး အကြွေးအချို့ ကို ပြန်ပေးပါတယ် ၊ ပိုက်ဆံပြေလည်ရင် ကျန်သေးတဲ့ အကြွေးတွေ ထပ်ဆပ်ဦးမယ်လို့လည်း ပြောပါသေးတယ် ၊ နို့ပို့သမားက ခရစ်စမတ်လက်ဆောင် အဖြစ်ပဲ သဘောထားတယ်လို့ ပြောလိုက်ရော အဲဒီအမျိုးသမီးငိုပါတော့တယ် ၊ နို့ပို့သမားကတော့ ပိုက်ဆံ ပြန်မယူတော့ပါဘူး)

(၂) အရွယ်အလိုက် တာဝန်ကျေဖို့ပါ
ဒါက ဆရာဦးကံချွန်ရဲ့ စာတစ်ပုဒ်ထဲမှာ ပါတာပါ ။ ကျောင်းသားအရွယ်မှာ စာလုပ်၊ အလုပ်လုပ်ရမယ့် အရွယ်မှာ အလုပ်လုပ်၊အိမ်ထောင်ဦးစီးဆို ခေါင်းဆောင်တာဝန်ကျေအောင်လုပ် ။ ဒါဆို နောင်တရစရာ မရှိဘဲ ပျော်ရွှင်နိုင်မှာပါ ။

(၃) မလုပ်သင့်တာကို မလုပ်ဖို့ ၊ လုပ်သင့်တာကို လုပ်ဖို့ပါ
ဒါကတော့ ဆရာတော် ဦးဇောတိက ဟောတဲ့ တရားတစ်ပုဒ်ပါ၊ မလုပ်သင့်တာကို လုပ်ရင် နောင်တ ရမယ် ၊ အပြစ်ရှိသလို ခံစားရမယ်၊
လုပ်သင့်တာကို မလုပ်ရင်လည်း ဘဝက မတိုးတက်ဘူး ၊ ဒါဆိုလည်း ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။


စိတ်ပျော်အောင် ဘာလုပ်ရမလဲ သိချင်လို့ စာဖတ်နေပါတယ်
ဆက်ဖတ်ဖြစ်ရင် ဆက်ရေးပါမယ်
း)
reference : http://www.wikihow.com/Be-Happy
 

လွတ်ငြိမ်းလေပြေ Template by Ipietoon Blogger Template | Gadget Review